သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ ကလေးမုဒိမ်းသမား (၂)ဦးကို လူပုံအလယ်မှာ ရက်ရက်စက်စက် ကွပ်မျက်လိုက်ပြီ။

ယီမင်နိုင်ငံမှာ အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ကလေးမုဒိမ်းကောင် ၂ ဦးကို လူပုံလယ်မှာ AK-47s နဲ့ ကွပ်မျက်ခဲ့ပါတယ်။ယီမင်နိုင်ငံ၊ ဆိပ်ကမ်းမြို့ဖြစ်တဲ့ အေဒင်မြို့မှာ ကလေးမုဒိမ်းကောင် ၂ ဦးဖြစ်တဲ့ ဝါဒါရီဖက်နဲ့ မိုဟာမက်ခါလတ်တို့ကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ချိန်ပြီး ကွပ်မျက်မယ့်နေရာအထိ ခေါ်ဆောင်လာတာကို ရိုက်ကူးထားတဲ့ ကြောက်မက်ဖွယ်ဓာတ်ပုံတွေကို မြင်တွေ့ခဲ့ရပါတယ်။

ယီမင်နိုင်ငံဟာ မြို့အတွင်းမှာ ကွပ်မျက်ခြင်းကို တရားဝင်ခွင့်ပြုထားတဲ့ ကမ္ဘာပေါ်က နိုင်ငံအနည်းငယ်တွေထဲက တစ်နိုင်ငံဖြစ်ပြီး ကြောက်မက်ဖွယ်မြင်ကွင်းတွေကို ကလေးငယ်တွေတောင် လာရောက်ကြည့်ရှုကြပါတယ်။အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရီဖက်နဲ့ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခါလတ်တို့ဟာ လမ်းပေါ်မှာ ဆော့ကစားနေတဲ့ အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို အလိုမတူဘဲ အတင်းအဓမ္မဖမ်းခေါ်သွားပြီး မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ပြစ်မှုထင်ရှားခဲ့တဲ့အတွက် သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ရီဖက်နဲ့ ခါလတ်တို့ဟာ ယင်းကလေးငယ်ကို အိမ်ထဲဆွဲခေါ်သွားခဲ့ပြီး မုဒိမ်းကျင့်ခဲ့တာဖြစ်ပါတယ်။ တရားရုံးမှာ ရီဖက်နဲ့ ခါလတ်တို့ နှစ်ဦးကို ပြစ်ဒဏ်ချမှတ်နေစဉ်မှာ တရားသူကြီးက “မုဒိမ်းကျင့်ခဲ့ပြီးနောက် အကူအညီရရှိဖို့အတွက် ငိုကြွေးနေတဲ့ကလေးငယ်ရဲ့ အသံကို တိတ်ဆိတ်အောင်မပြုလုပ်နိုင်ခဲ့ဘဲ ၎င်းတို့ ၂ ဦးထဲက ၁ ဦးဟာ ဓားကိုဆွဲယူပြီး ကလေးငယ်ရဲ့ဦးခေါင်းကို ဖြတ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Loading...

မြို့တော်အတွင်း အပြစ်ပေးဖို့ အမိန့်ချမှတ်မှုအားလုံးဟာ ယီမင်နိုင်ငံသမ္မတရဲ့ အတည်ပြုပေးခြင်းရရှိဖို့ လိုအပ်ပြီး သာမန်အားဖြင့် မီးရှို့သတ်ခြင်းလည်း ပါဝင်ပါတယ်။ လူသတ်မှု၊ မုဒိမ်းမှုနဲ့ အကြမ်းဖက်မှုတွေဟာ ပုံမှန်အားဖြင့် ဥပဒေချိုးဖောက်တဲ့အပြုအမူတွေဖြစ်ပေမယ့် ရှာရီယာဥပဒေနဲ့ဆန့်ကျင်တဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ ဘုရားသခင်ကို ဆန့်ကျင်မှုတို့အတွက် သေဒဏ်ပေးခြင်းကို အသုံးပြုနိုင်ပါတယ်။မကြာသေးမီကမှ ယခုအမှုနဲ့အလားတူ ယောက်ျားလေးတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ ၃ ဦးကို သေနတ်နဲ့ ပစ်သတ်ပြီး ကြိုးတန်းလန်းချိတ်ပြီး အပြစ်ပေးခဲ့ပါသေးတယ်။

အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်ခဲ့တဲ့ နောက်ထပ်မုဒိမ်းကောင်တစ်ဦးကိုလည်း အလားတူပဲ အပြစ်ပေးခဲ့တာဖြစ်ပါတယ်။မြို့တော်အတွင်း လူပုံလယ်မှာ ကွပ်မျက်ခြင်းကို လူ့အခွင့်အရေးစောင့်ကြည့်သူ ဒါရိုက်တာ ဆာရာလီယာဝစ်တန်ကတော့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။“လူပုံအလယ် ကွပ်မျက်မှုဟာ အထူးသဖြင့် စွပ်စွဲခံရသူအတွက် လုံလောက်တဲ့တရားရေး ကိုယ်စားလှယ်ပြုမှုရရှိဖို့ အရည်အချင်းနဲ့ ဖြစ်စဉ်ကို လွှမ်းခြုံမှု အလွန်အမင်းကန့်သတ်ထားတဲ့ နိုင်ငံတွေမှာ လူ့အခွင့်အရေးကို ပိုပြီးတော့တောင် ရုပ်ပျက်ဆင်းပျက် ချိုးဖောက်နေတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

source မူရင်း

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *