အချစ်စစ်ကို ရှာဖွေရင်း လမ်းပျောက်နေတတ်တဲ့ ရာသီခွင် (၄) ခု

တချို့လူတွေအတွက် အချစ်ဆိုတာက ရှာဖွေရင်း ဝေးဆဲဖြစ်ရတတ်ပါတယ်။ အချစ်ကိုတွေ့ရင်လည်း နည်းအမျိုးမျိုးနဲ့ လွဲချော်တတ်ပါတယ်။ ဒါကြောင့်လည်း ဒဏ္ဍာရီလာ FA တွေဖြစ်နေတတ်ပါတယ်။ ဒီရာသီခွင် (၄) ခုကတော့-

၁။ Cancer (June 21 ကနေ July 23)

Cancer ရာသီဖွားတွေက နူးညံ့တဲ့နှလုံးသားကို ပိုင်ဆိုင်သူတွေပါ။ သူတို့ကြုံရသမျှ ချစ်သူရည်းစားတိုင်းက သူတို့ရဲ့ အားနည်းချက်ကို အသုံးချတတ်ပါတယ်။ Cancer ရာသီဖွားတွေက လူတစ်ယောက်ကို ချစ်မိရင် အပြစ်မမြင်ဘဲ ဒီလူရဲ့ကောင်းကွက်ကိုပဲ ကြည့်တတ်ကြပါတယ်။ လမ်းခွဲတယ်ဆိုတာက Cancer ရာသီဖွားတွေအတွက် နာကျင်ရပြီး ခဲယဉ်းတဲ့ကိစ္စပါ။

၂။ Pisces (February 18 ကနေ March 20)

Loading...

ဒီရာသီဖွားတွေက စိတ်ကူးယဉ်ဆန်သူတွေဖြစ်ပါတယ်။ ရိုလိုက်ရင်လည်း သူတို့အပြင်နှစ်ယောက်မရှိပါဘူး။ သူတို့က အကြီးကြီးမျှော်လင့်ထားလို့ ဖြစ်မလာတဲ့အချိန် ကြေကွဲရသူတွေဖြစ်ပါတယ်။ ဒီရာသီဖွားတွေလိုချင်တာက သူတို့လိုထပ်တူချစ်ပေးနိုင်မယ့်လူ၊ အနွံတာခံမယ့်သူမျိုးကို လိုချင်ကြပါတယ်။ ဒီလိုစိတ်တူကိုယ်တူ ချစ်သူတစ်ယောက်ကို လိုက်ရှာရင်းနဲ့ လမ်းပျောက်တတ်ကြပါတယ်။

၃။ Aries (March 20 ကနေ April 20)

Aries ရာသီမွေးဖွားသူတွေက သူတို့ချစ်သူရဲ့ နံပါတ်တစ်ဦးစားပေးပဲဖြစ်ချင်ကြပါတယ်။ ဒါပေမဲ့ သူတို့ကြုံရသမျှသူတွေက သူတို့ကို ဒုတိယနေရာကပဲ သတ်မှတ်သူတွေပဲဖြစ်နေတတ်ပါတယ်။

Flower

၎။ Taurus (April 20 ကနေ May 21)

ဒီရာသီဖွားတွေက အထီးကျန်တဲ့ဘဝကို အလွန်မုန်းတီးပါတယ်။ ခေါင်းမာပြီး သူတို့မှားတာကို ဝန်ခံဖို့ နောက်တွန့်တတ်ကြပါတယ်။ သူတို့တွေက အရင်အချစ်ဟောင်းကို တမ်းတပြီး ပြန်တွဲမယ့်အထဲမှာ မပါပါဘူး။

Flower
Loading...

Written by