Selena Gomez ကုိ ေက်ာက္ကပ္ေပးခဲ့တဲ့အေတြ႕အၾကံဳကိုရင္ဖြင့္လာတဲ့ Francia Raisa

Selena ဟာ သူ လွ်မ္းလွ်မ္းေတာက္ေအာ္ျမင္ေနခဲ့တဲ့အခ်ိန္မွာပဲ သူမမွာ Lupus ေရာဂါရွိေနျပီး ေက်ာက္ကပ္မေကာင္းေတာ့ဘူးဆိုတာကုိ သိခဲ့ရတာပါ။ အဲဒီတစ္ခ်ိန္တည္းမွာပဲ ခ်စ္သူျဖစ္တဲ့ Justin Bieber နဲ႔လည္း ျပႆနာေတြတက္ျပီး ျပတ္သြားလိုက္ေသးတာေၾကာင့္ အဲဒီအခ်ိန္ေတြဟာ Selena အတြက္တကယ္ပဲခက္ခဲခဲ့တဲ့အခ်ိ္န္ေတြလို႔ဆိုရမွာပါ။ ဒါေပမယ့္ Selena ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းျဖစ္တဲ့ မင္းသမီး Francia Raisa က သူမရဲ႕ ေက်ာက္ကပ္ကုိေပးလွဴမယ္လို႔ဆံုးျဖတ္ခဲ့ျပီး နွေမ်ာတြန္႔တုိျခင္းမရွိပဲ အလုပ္ေတြ schedule ေတြအကုန္ဖ်က္ျပီး Selena နဲ႔အတူေက်ာက္ကပ္ေပးဖို႔ခြဲစိတ္ခန္းထဲဝင္ခဲ့ျပီး ခြဲစိတ္ျပီးတဲ့ေနာက္မွာလည္း ျပန္လည္ေနေကာင္းဖို႔ လေပါင္းမ်ားစြာၾကာခဲ့ပါတယ္။

Francia က မၾကာေသးမီက မီဒီယာေတြကုိ Selena ကုိေက်ာက္ကပ္ေပးခဲ့တဲ့အေတြ႕အၾကံဳအေၾကာင္းကိုေျပာျပလာပါတယ္။ Francia ဟာ Selena မွာ ဒီေရာဂါၾကီးရွိေနျပီး ေက်ာက္ကပ္အစားထုိးဖုိ႔လိုအပ္ေနေၾကာင္းသိလိုက္ရကတည္းက Selena ကုိ ေက်ာက္ကပ္ေပးဖို႔ေသြးအမ်ိဳးအစားတူမတူ အျခားအရာေတြေရာအကုန္လံုးအဆင္ေျပမေျပ အစစ္ေဆးခံမယ္လို႔ခ်က္ခ်င္းတန္းျပီးဆံုးျဖတ္ခဲ့တယ္လို႔ဆိုပါတယ္။ အဲဒီေနာက္မွာ သူမရဲ႕အေရးၾကီးတဲ့သူေတြကုိတိုင္ပင္ေတာ့ လူတုိင္းက သူမကုိ အဲဒီအရာက အရမ္းခက္မွာပင္ပန္းမွာျဖစ္ျပီး စြန္႔စားလြန္းရာက်လို႔ကုိယ္တိုင္ေသခ်ာစဥ္းစားဖို႔တုိက္တြန္းခဲ့ၾကပါတယ္တဲ့။

Loading...

Francia ရဲ႕ Social Worker ကလည္း Francia ကုိ အဲဒီလိုေပးလွဴတာက ေတာ္ေတာ္ကုိခက္ခဲမွာျဖစ္သလုိ ဒီလိုခြဲစိတ္မႈေတြမွာ လက္ခံရရွိသူက ေပးလွဴလိုက္တဲ့သူထက္ ျမန္ျမန္ၾကီးေနျပန္ေကာင္းလာမွာျဖစ္ျပီး လူေကာင္းတစ္ေယာက္လိုျပန္အဆင္ေျပလာမွာျဖစ္တယ္လို႔ေျပာျပခဲ့ပါတယ္တဲ့။ဘာေၾကာင့္လဲဆိုေတာ့ Selena ရဲ႕ ခႏၶာကုိယ္က သူလိုအပ္ေနတာတစ္ခုကုိရသြားတာျဖစ္ျပီး Francia ကေတာ့ ေကာင္းေကာင္းလည္ပတ္အလုပ္လုပ္ေနတဲ့ ကုိယ္တြင္းအဂၤါတစ္ခုကုိဆံုးရံႈးလိုက္ရမွာျဖစ္တာေၾကာင့္ က်န္တဲ့ေက်ာက္ကပ္တစ္ခုတည္းနဲ႔ဆက္ျပီးအသက္ရွင္နုိင္ေပမယ့္ လူေကာင္းတစ္ေယာက္လိုျပန္ျဖစ္ဖို႔လေပါင္းမ်ားစြာၾကာနုိင္ျပီး ကံမေကာင္းရင္တစ္သက္လံုးအေၾကာေတြဆြဲသြားတာမ်ိဳးေတာင္ျဖစ္နုိင္တယ္လို႔ဆုိပါတယ္။

ဆရာဝန္ေတြၾကိဳတင္ရွင္းျပခဲ့တဲ့အတိုင္းပဲ Selena က ခြဲစိတ္မႈအျပီးမွာ ျမန္ျမန္ဆန္ဆန္ပဲသက္သာလာျပီး အရင္ကလိုအလုပ္ေတြျပန္လုပ္လာနိုင္ေပမယ့္ Francia ကေတာ့ ခြဲစိတ္မႈအျပီးမွာ လေပါင္းမ်ားစြာအိပ္ရာထဲလဲေနခဲ့ပါတယ္။ ဒါေပမယ့္ Francia က “ဒီဆံုးျဖတ္ခ်က္ကုိ ကြ်န္မက သူငယ္ခ်င္းေတြၾကားက ယံုၾကည္မႈအေပၚအေျခခံျပီးဆံုးျဖတ္ခ်က္ခ်ခဲ့တာပါ။ ဘုုရားသခင္က ဒီလိုျဖစ္ေအာင္ ဖန္တီးေပးတာပဲလို႔ ယံုၾကည္ပါတယ္။ ကုိယ့္အခ်စ္ဆံုးသူငယ္ခ်င္းကုိဒီလိုကူညီရတဲ့အတြက္လည္း ကြ်န္မဝမ္းသာဂုဏ္ယူမဆံုးပါဘူး”လို႔ ေျပာထားပါတယ္။ Selena ကေတာ့ ခြဲစိတ္ျပီးေနာက္မွာ “Raisa က ကြ်န္မအသက္ကုိကယ္ခဲ့တာပါ။ ကြ်န္မက ဘဝမွာဘယ္သူ႔ကုိမွဒီလိုအသက္ကယ္ေပးဖို႔မေတာင္းပန္ခ်င္ခဲ့ဘူး။ ဒါေပမယ့္ Raisa က ကြ်န္မေတာင္းပန္စရာမလိုပဲနဲ႔ လိုလိုခ်င္ခ်င္ကုိကူညီခဲ့တာပါ။ ခြဲစိတ္မႈျပီးကတည္းက ကြ်န္မ ေသြးေပါင္ခ်ိန္ေတြပံုမွန္ျဖစ္သြားတယ္၊ က်န္းမာေရးလည္းေကာင္းလာတယ္။ Lupus ျပန္ျဖစ္နုိ္င္တဲ့ရာခိုင္နႈန္းကလည္း 3 to 5 % ဆိုေတာ့ ေတာ္ေတာ္ၾကီးကိုနည္းသြားတယ္”လို႔ ဝမ္းသာအားရေျပာျပထားခဲ့ပါတယ္။

CRD-Cantwait2say

UNICODE

Selena Gomez ကို ကျောက်ကပ်ပေးခဲ့တဲ့အတွေ့အကြုံကိုရင်ဖွင့်လာတဲ့ Francia Raisa

Selena ဟာ သူ လျှမ်းလျှမ်းတောက်အော်မြင်နေခဲ့တဲ့အချိန်မှာပဲ သူမမှာ Lupus ရောဂါရှိနေပြီး ကျောက်ကပ်မကောင်းတော့ဘူးဆိုတာကို သိခဲ့ရတာပါ။ အဲဒီတစ်ချိန်တည်းမှာပဲ ချစ်သူဖြစ်တဲ့ Justin Bieber နဲ့လည်း ပြဿနာတွေတက်ပြီး ပြတ်သွားလိုက်သေးတာကြောင့် အဲဒီအချိန်တွေဟာ Selena အတွက်တကယ်ပဲခက်ခဲခဲ့တဲ့အချိန်တွေလို့ဆိုရမှာပါ။ ဒါပေမယ့် Selena ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ မင်းသမီး Francia Raisa က သူမရဲ့ ကျောက်ကပ်ကိုပေးလှူမယ်လို့ဆုံးဖြတ်ခဲ့ပြီး နှမျောတွန့်တိုခြင်းမရှိပဲ အလုပ်တွေ schedule တွေအကုန်ဖျက်ပြီး Selena နဲ့အတူကျောက်ကပ်ပေးဖို့ခွဲစိတ်ခန်းထဲဝင်ခဲ့ပြီး ခွဲစိတ်ပြီးတဲ့နောက်မှာလည်း ပြန်လည်နေကောင်းဖို့ လပေါင်းများစွာကြာခဲ့ပါတယ်။

Francia က မကြာသေးမီက မီဒီယာတွေကို Selena ကိုကျောက်ကပ်ပေးခဲ့တဲ့အတွေ့အကြုံအကြောင်းကိုပြောပြလာပါတယ်။ Francia ဟာ Selena မှာ ဒီရောဂါကြီးရှိနေပြီး ကျောက်ကပ်အစားထိုးဖို့လိုအပ်နေကြောင်းသိလိုက်ရကတည်းက Selena ကို ကျောက်ကပ်ပေးဖို့သွေးအမျိုးအစားတူမတူ အခြားအရာတွေရောအကုန်လုံးအဆင်ပြေမပြေ အစစ်ဆေးခံမယ်လို့ချက်ချင်းတန်းပြီးဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက်မှာ သူမရဲ့အရေးကြီးတဲ့သူတွေကိုတိုင်ပင်တော့ လူတိုင်းက သူမကို အဲဒီအရာက အရမ်းခက်မှာပင်ပန်းမှာဖြစ်ပြီး စွန့်စားလွန်းရာကျလို့ကိုယ်တိုင်သေချာစဉ်းစားဖို့တိုက်တွန်းခဲ့ကြပါတယ်တဲ့။

Francia ရဲ့ Social Worker ကလည်း Francia ကို အဲဒီလိုပေးလှူတာက တော်တော်ကိုခက်ခဲမှာဖြစ်သလို ဒီလိုခွဲစိတ်မှုတွေမှာ လက်ခံရရှိသူက ပေးလှူလိုက်တဲ့သူထက် မြန်မြန်ကြီးနေပြန်ကောင်းလာမှာဖြစ်ပြီး လူကောင်းတစ်ယောက်လိုပြန်အဆင်ပြေလာမှာဖြစ်တယ်လို့ပြောပြခဲ့ပါတယ်တဲ့။ဘာကြောင့်လဲဆိုတော့ Selena ရဲ့ ခန္ဓာကိုယ်က သူလိုအပ်နေတာတစ်ခုကိုရသွားတာဖြစ်ပြီး Francia ကတော့ ကောင်းကောင်းလည်ပတ်အလုပ်လုပ်နေတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုကိုဆုံးရှုံးလိုက်ရမှာဖြစ်တာကြောင့် ကျန်တဲ့ကျောက်ကပ်တစ်ခုတည်းနဲ့ဆက်ပြီးအသက်ရှင်နိုင်ပေမယ့် လူကောင်းတစ်ယောက်လိုပြန်ဖြစ်ဖို့လပေါင်းများစွာကြာနိုင်ပြီး ကံမကောင်းရင်တစ်သက်လုံးအကြောတွေဆွဲသွားတာမျိုးတောင်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

ဆရာဝန်တွေကြိုတင်ရှင်းပြခဲ့တဲ့အတိုင်းပဲ Selena က ခွဲစိတ်မှုအပြီးမှာ မြန်မြန်ဆန်ဆန်ပဲသက်သာလာပြီး အရင်ကလိုအလုပ်တွေပြန်လုပ်လာနိုင်ပေမယ့် Francia ကတော့ ခွဲစိတ်မှုအပြီးမှာ လပေါင်းများစွာအိပ်ရာထဲလဲနေခဲ့ပါတယ်။ ဒါပေမယ့် Francia က “ဒီဆုံးဖြတ်ချက်ကို ကျွန်မက သူငယ်ချင်းတွေကြားက ယုံကြည်မှုအပေါ်အခြေခံပြီးဆုံးဖြတ်ချက်ချခဲ့တာပါ။ ဘုရားသခင်က ဒီလိုဖြစ်အောင် ဖန်တီးပေးတာပဲလို့ ယုံကြည်ပါတယ်။ ကိုယ့်အချစ်ဆုံးသူငယ်ချင်းကိုဒီလိုကူညီရတဲ့အတွက်လည်း ကျွန်မဝမ်းသာဂုဏ်ယူမဆုံးပါဘူး”လို့ ပြောထားပါတယ်။ Selena ကတော့ ခွဲစိတ်ပြီးနောက်မှာ “Raisa က ကျွန်မအသက်ကိုကယ်ခဲ့တာပါ။ ကျွန်မက ဘဝမှာဘယ်သူ့ကိုမှဒီလိုအသက်ကယ်ပေးဖို့မတောင်းပန်ချင်ခဲ့ဘူး။ ဒါပေမယ့် Raisa က ကျွန်မတောင်းပန်စရာမလိုပဲနဲ့ လိုလိုချင်ချင်ကိုကူညီခဲ့တာပါ။ ခွဲစိတ်မှုပြီးကတည်းက ကျွန်မ သွေးပေါင်ချိန်တွေပုံမှန်ဖြစ်သွားတယ်၊ ကျန်းမာရေးလည်းကောင်းလာတယ်။ Lupus ပြန်ဖြစ်နိုင်တဲ့ရာခိုင်နှုန်းကလည်း 3 to 5 % ဆိုတော့ တော်တော်ကြီးကိုနည်းသွားတယ်”လို့ ဝမ်းသာအားရပြောပြထားခဲ့ပါတယ်။

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *