


Loading...




UNICODE

မကြာခင်မှာ စာနယ်ဇင်းရှင်းလင်းပွဲ လုပ်သွားမယ်လို့ ကိုယ်တိုင်ပြောလာတဲ့ ဖြိုးပြည့်စုံ

Melody World သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ အဆိုတော် ဖြိုးပြည့်စုံကတော့ အရည်အချင်းပြည့်ဝသူတစ်ဉီးပါ။၇.၁၀. ၂၀၁၉ ရက်နေ့မှာ ဖြိုးပြည့်စုံနဲ့ အပေါင်းအပါ နှစ်ဦးကို မူးယစ်ဆေးဝါးမှု့နဲ့ ဗဟန်းမြိုနယ် ဆရာစံရပ်ကွက် Myanmar Plaza ရှိ Glonja Jans Coffee ဆိုင် ရှေ့မှာ ဖမ်းဆီခံခဲ့ရတာကြောင့် အနုပညာလောကမှာ အရမ်းကိုစိတ်မကောင်းဖြစ်နေကြတာပါ။ဒီနေ့မှာတော့ လွတ်မြောက်လာပြီဖြစ်တဲ့ အဆိုတော် ဖြိုးပြည့်စုံ က စာနယ်ဇင်းရှင်းလင်းပွဲ လုပ်မယ်ဆိုတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

၇.၁၀. ၂၀၁၉ ရက်နေ့မှာ အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် အမျိုးသားသုံးဦးကို မူးယစ်တပ်ဖွဲ့က တရားလိုပြု တိုင်တန်းမှုကြောင့်ဗဟန်းရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံထားရတာပဲ ဖြစ်ပါတယ်။ အဆိုတော် ဖြိုးပြည့်စုံကို ဆေးပြားများဖြင့်တွေ့ရှိတယ်ဆိုတဲ့သတင်အပေါ် ဖြိုးပြည့်စုံက သူ့လက်ထဲမှာ ရှိတဲ့ ဆေးပြားတွေက မူးယစ်ဆေးဝါးများမဟုတ်ကြောင်းငြင်းဆိုခဲ့ပြီး ဒီနေ့မှတော့ မှားယွင်းဖမ်းဆီးမှုမှ လွတ်မြောက်လာပြီပဲ ဖြစ်ပါတယ်။

အဆိုတော်ဖြိုးပြည့်စုံ က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်က ” ကျနော် ၊ ရော်နီ နဲ့ ငြိမ်းချမ်းကိုတို့ရဲ့ မှန်ကန်မှုကို ယုံကြည်ပေးတဲ့ အယောက်ချင်းစီ ကို ကျေးဇူးအထူးတင်ပါတယ် မကြာခင်မှာ media conference လေးတခု လုပ်နိုင်ဖို့ ကျနော် စီစဉ်ပါ့မယ်..” ဆိုပြီး ပြောထားပါတယ်။

အနုပညာရှင်တော်တော်များများကလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အရမ်းပျော်ရွှင်ရကြောင်း တင်ထားကြတာပါ။ပရိသတ်ကြီးကလည်း အဆိုတော်ဖြိုးပြည့်စုံ လွတ်မြောက်ပြီ ဖြစ်တဲ့ အတွက် ပျော်ရွှင်ကြလိမ့်မယ်လို့ ထင်ပါတယ်။

Source;Phyo pyae sone,CRD-MOMOLAY

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *