” ‘ေကာင္းကင္မရွိတဲ့ၾကယ္’ ႐ုပ္ရွင္ဇာတ္ကားႀကီးတြင္ ပါဝင္သ႐ုပ္ေဆာင္ရန္ လက္ခံလိုက္ၿပီျဖစ္တဲ့ ဂ်ပန္ ႏွင့္ အာရွထိပ္တန္းမင္းသမီး Emi Takei “

“ေကာင္းကင္မရွိတဲ့ ၾကယ္”႐ုပ္ရွင္ဇာတ္ကားႀကီးကိုေတာ့ ျမန္မာ၊ထိုင္း၊မေလးရွား၊ ဂ်ပန္ႏိုင္ငံေတြကျဖစ္တဲ့ ႏိုင္ငံတကာမွ အတတ္ပညာရွင္ (၄) ဦးနဲ႔အတူ ဒါ႐ိုက္တာ ၾသရသ တို႔က အေကာင္းဆုံးပုံေဖာ္႐ိုက္ကူးသြားမွာျဖစ္ၿပီး ျမန္မာႏိုင္ငံရဲ႕ (၃)ထပ္ကြမ္းအကယ္ဒမီဆုရွင္ ေနတိုး၊ အဆိုပိုင္းမွာေရာ သ႐ုပ္ေဆာင္ပိုင္းမွာပါ ထူးခြၽန္ထက္ျမက္သူတစ္ေယာက္ျဖစ္တဲ့ စိုင္းစိုင္းခမ္းလႈိင္၊ အကယ္ဒမီထြန္းထြန္း၊မင္းသမီးေခ်ာေလးေတြျဖစ္တဲ့ ေအးျမတ္သူ၊မိုးစက္ဝိုင္၊ ႏြယ္ဒါလီထြန္း တို႔က ပါဝင္သ႐ုပ္ေဆာင္သြားမွာပဲျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ မင္းသားမင္းသမီးေတြအျပင္ ထိုင္းႏိုင္ငံက အႏုပညာရွင္ေတြျဖစ္တဲ့ မင္းသားေခ်ာေလး Ken Phuphoom Pongpanu နဲ႔ Korn Kang၊မင္းသမီးေခ်ာေလးတစ္ေယာက္ျဖစ္တဲ့ Smileတို႔လည္း ပါဝင္တယ္လို႔ သိရပါတယ္။

Loading...

ဒီေန႔မွာေတာ့ ေနာက္ထပ္သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ “ေကာင္းကင္မရွိတဲ့ ၾကယ္”႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ဂ်ပန္ ႏွင့္ အာရွထိပ္တန္းမင္းသမီး Emi Takei ပါဝင္သ႐ုပ္ေဆာင္ဖို႔ကို လက္ခံလိုက္ၿပီျဖစ္တဲ့အေၾကာင္းကို ေဝမင္းေမာင္ကသူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပလာတာပဲျဖစ္ပါတယ္။မင္းသမီး Emi Takeiဟာဆိုရင္ အသက္ (၂၅) ႏွစ္ရွိၿပီျဖစ္ၿပီး ဂ်ပန္ႏိုင္ငံ၏ ထိပ္တန္းသ႐ုပ္ေဆာင္စာရင္းဝင္တစ္ဦးပါ။ ဆုတံဆိပ္ေပါင္းမ်ားစြာ ခ်ီးျမႇင့္ခံခဲ့ရၿပီး အာရွတိုက္အတြင္း ပရိသတ္ခိုင္မာစြာ ရရွိပိုင္ဆိုင္ထားသူလည္းျဖစ္ပါတယ္။(၂၀၁၀) ခုႏွစ္မွာလည္း ဂ်ပန္အႏုပညာသမိုင္းတြင္ အသက္အငယ္ဆုံး ဆုရ အႏုပညာရွင္ အေနျဖင့္ Best Dresser Award ဆုကိုရရွိခဲ့ၿပီး (၂၀၁၁) ခုႏွစ္တြင္ (၆၈) ႀကိမ္ေျမာက္ ဂ်ပန္႐ုပ္ျမင္သံၾကား အကယ္ဒမီဆုေပးပြဲ၏ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ပို႔ဆု ႏွင့္ ၿပဳံးအလွပိုင္ရွင္ အႏုပညာသည္ဆုတို႔ကို ဆြတ္ခူးပိုင္ဆိုင္ႏိုင္ခဲ့ပါေသးတယ္။

မင္းသမီး Emi Takeiဟာ ေဟာလီးဝုဒ္႐ုပ္ရွင္ဇာတ္ကားေတြမွာ ဂ်ပန္ဘာသာ အသံသ႐ုပ္ေဆာင္ အေနျဖင့္လည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ဒီဇာတ္ကားေတြက ဂ်ပန္ႏိုင္ငံမွာ လူႀကိဳက္မ်ားတဲ့ ဂ်ပန္စကားေျပာ ေဟာလီးဝုဒ္ဇာတ္ကားေတြျဖစ္လာပါေသးတယ္။လက္ရွိမွာေတာ့ သူနဲ႔ တြဲဖက္သ႐ုပ္ေဆာင္သည့္ ဂ်ပန္ထိပ္တန္းမင္းသား Takahiro ႏွင့္ အိမ္ေထာင္က်ၿပီး ရင္ေသြးတစ္ဦးကို ပိုင္ဆိုင္ထားတဲ့ ေပ်ာ္႐ႊင္ေအာင္ျမင္ေသာ အႏုပညာဇနီးေမာင္ႏွံအျဖစ္ လူသိမ်ားေက်ာ္ၾကားတဲ့ အႏုပညာရွင္စုံတြဲတစ္တြဲလည္းျဖစ္ပါတယ္။

Source : Wai Minn Maung,CRD-Cele Gabar

UNICODE

” ‘ကောင်းကင်မရှိတဲ့ကြယ်’ ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ရန် လက်ခံလိုက်ပြီဖြစ်တဲ့ ဂျပန် နှင့် အာရှထိပ်တန်းမင်းသမီး Emi Takei “

“ကောင်းကင်မရှိတဲ့ ကြယ်”ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မြန်မာ၊ထိုင်း၊မလေးရှား၊ ဂျပန်နိုင်ငံတွေကဖြစ်တဲ့ နိုင်ငံတကာမှ အတတ်ပညာရှင် (၄) ဦးနဲ့အတူ ဒါရိုက်တာ သြရသ တို့က အကောင်းဆုံးပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ (၃)ထပ်ကွမ်းအကယ်ဒမီဆုရှင် နေတိုး၊ အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီထွန်းထွန်း၊မင်းသမီးချောလေးတွေဖြစ်တဲ့ အေးမြတ်သူ၊မိုးစက်ဝိုင်၊ နွယ်ဒါလီထွန်း တို့က ပါဝင်သရုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မင်းသားမင်းသမီးတွေအပြင် ထိုင်းနိုင်ငံက အနုပညာရှင်တွေဖြစ်တဲ့ မင်းသားချောလေး Ken Phuphoom Pongpanu နဲ့ Korn Kang၊မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ Smileတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီနေ့မှာတော့ နောက်ထပ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ “ကောင်းကင်မရှိတဲ့ ကြယ်”ရုပ်ရှင်ဇာတ်ကားကြီးမှာ ဂျပန် နှင့် အာရှထိပ်တန်းမင်းသမီး Emi Takei ပါဝင်သရုပ်ဆောင်ဖို့ကို လက်ခံလိုက်ပြီဖြစ်တဲ့အကြောင်းကို ဝေမင်းမောင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာတာပဲဖြစ်ပါတယ်။မင်းသမီး Emi Takeiဟာဆိုရင် အသက် (၂၅) နှစ်ရှိပြီဖြစ်ပြီး ဂျပန်နိုင်ငံ၏ ထိပ်တန်းသရုပ်ဆောင်စာရင်းဝင်တစ်ဦးပါ။ ဆုတံဆိပ်ပေါင်းများစွာ ချီးမြှင့်ခံခဲ့ရပြီး အာရှတိုက်အတွင်း ပရိသတ်ခိုင်မာစွာ ရရှိပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။(၂၀၁၀) ခုနှစ်မှာလည်း ဂျပန်အနုပညာသမိုင်းတွင် အသက်အငယ်ဆုံး ဆုရ အနုပညာရှင် အနေဖြင့် Best Dresser Award ဆုကိုရရှိခဲ့ပြီး (၂၀၁၁) ခုနှစ်တွင် (၆၈) ကြိမ်မြောက် ဂျပန်ရုပ်မြင်သံကြား အကယ်ဒမီဆုပေးပွဲ၏ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု နှင့် ပြုံးအလှပိုင်ရှင် အနုပညာသည်ဆုတို့ကို ဆွတ်ခူးပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။

မင်းသမီး Emi Takeiဟာ ဟောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားတွေမှာ ဂျပန်ဘာသာ အသံသရုပ်ဆောင် အနေဖြင့်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်ကားတွေက ဂျပန်နိုင်ငံမှာ လူကြိုက်များတဲ့ ဂျပန်စကားပြော ဟောလီးဝုဒ်ဇာတ်ကားတွေဖြစ်လာပါသေးတယ်။လက်ရှိမှာတော့ သူနဲ့ တွဲဖက်သရုပ်ဆောင်သည့် ဂျပန်ထိပ်တန်းမင်းသား Takahiro နှင့် အိမ်ထောင်ကျပြီး ရင်သွေးတစ်ဦးကို ပိုင်ဆိုင်ထားတဲ့ ပျော်ရွှင်အောင်မြင်သော အနုပညာဇနီးမောင်နှံအဖြစ် လူသိများကျော်ကြားတဲ့ အနုပညာရှင်စုံတွဲတစ်တွဲလည်းဖြစ်ပါတယ်။

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *