ကလောနှီးဘုရားကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ လှူဒါန်းခဲ့တဲ့ အိမ့်ချစ်

အိမ့်ချစ်ကတော့ စိတ်သဘောထားဖြူစင်ပြီး အလှူအတန်းတွေမှာ စိတ်အားထက်သန်သူတစ်ယောက်ပါ။ လက်ရှိမှလည်း အလှူအတန်းတွေမှာ ဝါသနာပါတဲ့ အိမ့်ချစ်က ကလောနှီးဘုရားကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ လှူဒါန်းခဲ့တယ်လို့သူရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။ ဒါ့အပြင် အလှူတွေအတွက် ရေးစက်ချအလှူကိုပြုလုပ်ခဲ့ပြီး နောင်လည်းခုလိုအလှူတွေ အမြဲလှူဒါန်းနိုင်တဲ့သူဖြစ်ခွင့်ရအောင်လည်း အိမ့်ချစ်က ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။

အိမ့်ချစ်ဟာ ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုဆက်ဆံတတ်သူတစ်ယောက်ဖြစ်ပြီး စိတ်သဘောထားဖြူစင်သူ တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ရရှိထားသူတစ်ယောက်ပါ။ ဒါ့ကြောင့်လည်းအိမ့်ချစ်ဟာ”ကိုယ်တိုင်ရေးပုံတူ”၊”အချစ်ရေး”၊”အောင်မြင်မှုရဲ့နောက်ကွယ်”စသဖြင့်တေးစီးရီးအယ်ဘမ်တော်တော်များများကို ထွက်ရှိအောင်မြင်ထားတာဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ ကိုယ်ပိုင်ခံစားချက်နဲ့ သီချင်းတွေကို ရေးစပ်ပြီး ကိုယ်တိုင်သီဆိုတတ်သူတစ်ယောက်ဆိုလည်းမမှားပါဘူး။

Loading...

အဲဒါကြောင့် အိမ့်ချစ်ဟာ ဗီယက်နမ်နိုင်ငံ Quang Ninh မြို့မှာ ကျင်းပခဲ့တဲ့ ASEAN+3 SONG CONTEST 2019 အဆိုပြိုင်ပွဲမှာ ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးကို သီဆိုဖျော်ဖြေပြီးတော့ Second Runner-Up ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အိမ့်ချစ်က ချစ်ရတဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပြီး ဖျော်ဖြေရေး ပွဲတွေကို ဆက်တိုက်လက်ခံထားတာကြောင့် လက်ခံထားတဲ့ ပွဲတွေများနေပြီး အလုပ်တွေရှုပ်နေရတယ်လို့ သိရပါတယ်။

Flower
Loading...

Written by