ပရိသတ်​​တွေ စိတ်​ဝင်​တစား ဖြစ်​ခဲ့ရတဲ့ ​ရွှေမှုံရတီရဲ့ Comment တစ်​ခု

တစ်​​ယောက်​ကိုတစ်​​ယောက်​ ကြင်​နာတတ်​လွန်းတဲ့ ကြည်​နူးဖွယ်​ အပြုအမူ​လေး​တွေ​ကြောင့် ပရိသတ်​​တွေ အားကျချစ်​ခင်​ရတဲ့ ​ရွှေထူးနဲ့ ​ရွှေ​မှုံရတီတို့ ဇနီး​မောင်​နှံက​တော့ အချစ်​​တွေအပြည့်​နဲ့ သာယာ​ပျော်​ရွှင်​တဲ့ အိမ်​​ထောင်​​ရေးကို ပိုင်​ဆိုင်​ထားတာပါ။ ဇနီး​ချော​လေး ​ရွှေမှုံကို အရမ်းချစ်​တဲ့ ​ရွှေထူးက​တော့ လတ်​တ​လောမှာ ပရိသတ်​​တွေ စိတ်​ဝင်​တစားဖြစ်​ခဲ့ရတဲ့ ပိုစ့်​တစ်​ခုကို လူမှုကွန်​ယက်​မှာ တင်​လိုက်​တာ ​တွေ့ရပါတယ်​။ ​ရွှေထူးက​တော့ ​လတ်​တ​လောမှာ ဇနီး​ချော​လေးကို အရမ်းလွမ်းတဲ့အ​ကြောင်း ပိုစ့်​တစ်​ခုတင်​ထားပြီး အဆိုပါ ပိုစ့်​​အောက်​မှာ​တော့ ​ရွှေမှုံ​လေးက ဗိုက်​ထဲမှာ အသည်း​လေးထည့်​ထားတဲ့ Sticker ​လေး မန့်​ခဲ့တာ​ကြောင့်​ ပရိသတ်​​တွေက ​ရွှေ​ပေါက်​စ​လေးကို မြင်​​တွေ့ရ​တော့မလားဆိုပြီး အရမ်းသိချင်​​နေကြတာပါ​နော်​။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက် ​​​ရွှေ​ပေါက်​စ​လေး အေ​ကြာင်းကို အရိပ်​အမြွက်​ ​ပြောပြလိုက်​တဲ့ ​ရွှေထူးရဲ့ အေ​ကြာင်းကို ​ဝေမျှ​ပေးလိုက်​ပါတယ်​​နော်​။

ဗိုက်​​လေးကို အသား​ပေးပြထားတဲ့ ​ရွှေမှုံ​လေးရဲ့ Sticker ​လေးက​တော့ ပရိသတ်​​တွေကို အရမ်း စိတ်​ဝင်​တစား ဖြစ်​​စေခဲ့တာပါ။

သိပ်​မကြာခင်​မှာပဲ ​ရွှေထူးကလည်း “​ရွှေ​ပေါက်​စ​” ဆိုပြီး လူမှုကွန်​ယက်​မှာကြည်းနူးစွာ တင်​ထားခဲ့ပါ​သေးတယ်​​နော်​။

Loading...

အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့ ပြီးခဲ့တဲ့ နိုဝင်​ဘာလ ၁၁ရက်​​နေ့က နှစ်​ဦးသ​ဘောတူ လက်​ထပ်​မင်္ဂလာပွဲ ဆင်​နွှဲခဲ့ကြတာဖြစ်​ပြီး အိမ်​​​ထောင်​သက်​တမ်း ၂ နှစ်​ပြည့်​​တော့မှာပဲ ဖြစ်​ပါတယ်​။ ​ရွှေ​မောင်​နှံက​တော့ က​လေးယူဖို့ ​စော​သေးတယ်​လို့ အင်​တာဗျူး​တွေမှာ ​ဖြေဆို​လေ့ရှိ​ပေမယ့်​လည်း ပရိသတ်​​တွေက​တော့ ​ရွှေ​ပေါက်​စ​လေးကို အရမ်းမြင်​ချင်​​နေကြပါပြီ။ မိုမို​လေးချစ်​ပရိသတ်​​တွေ​ရော​ ​ရွှေ​ပေါက်​စ​လေးအ​ကြောင်း အရိပ်​အမြွက်​ ထုတ်​​ပြောလာတယ်​လို့ ထင်​ရတဲ့ ​ရွှေထူးနဲ့ ​ရွှေမှုံရတီတို့နှစ်​ဦးရဲ့ သတင်းကို ဘယ်​လိုမြင်​မိကြလဲဆိုတာ ​ပြောသွားခဲ့ပါဦး​နော်​။

Myint Myat
Source:Htoo Khant’s Facebook

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *