ရှုတင်တစ်ဖက်၊ စားမေးပွဲတစ်ဖက်နဲ့ ဆေးသွင်းရတဲ့အထိ အားပြတ်သွားတဲ့ နေခြည်ရွှန်းလက်

ချစ်စရာကောင်းတဲ့ အပြုံးတွေနဲ့ ပရိသတ်တွေကို အေးချမ်းစေသူလေး နေခြည်ရွှန်းလက်က MRTV 4 ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်လာသူ တစ်ဦးဖြစ်ပါတယ်။ နေခြည်ရွှန်းလက်က သရုပ်ဆောင်မလုပ်ခင် မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်ခဲ့ပေမယ့် သရုပ်ဆောင် အလုပ်လုပ်မှ ပိုပြီးအောင်မြင်လာတာ ဖြစ်ပါတယ်။

နေခြည်ရွှန်းလက်က လက်ရှိမှာ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ပိုင်နေရင်း စာမေးပွဲအတွက် စာကလည်း တစ်ဖက် ကျက်နေရသေးတာ ဖြစ်ပါတယ်။ ရိုက်ကွင်းနားချိန်ခဏလေးတောင် စာကျက်နေရတာမို့ နားချိန်ရယ်လို့ မရှိတော့ပါဘူး။

Loading...

နေခြည်ရွှန်းလက်က ရိုက်ကူးရေးနဲ့ စာမေးပွဲကြောင့် အားပြတ်ကာ အားဆေးသွင်းလိုက်ရတဲ့အထိ အခြေအနေတွေ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

နေခြည်ရွှန်းလက်ကတော့ သူမရဲ့ ပရိသတ်တွေကို မစိုးရိမ်ဖို့ပြောရင်း ဒီနေ့ဖြေဆိုမယ့် စာမေးပွဲကိုလည်း အကောင်းဆုံးကြိုးစားဖြေဆိုသွားမယ်လို့ ပြောထားပါတယ်။

လူမျိုးမတူပေမယ့် ဇီ့နှလုံးသားက မင်းဆီမှာပါ ဆိုတဲ့ Lဆိုင်းဇီ

နေခြည်ရွှန်းလက်လေး ဒီနေ့ဖြေဆိုရမယ့် စာမေးပွဲမှာ အခက်အခဲမရှိ အားလုံးဖြေဆိုနိုင်ပြီး ကျန်းမာရေးလည်း အမြန်ဆုံးကောင်းမွန်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Rowena
Source: Nay Chi Shoon Lak’s fb

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *