ထိုင်းနိုင်ငံရဲ့ ပထမ ထီဆုကြီး ၆ သန်း ကို ပြိုင်တူ ပေါက်သွားတဲ့ မြန်မာမိသားစု နှစ်စု

ယခုလ ၁၆ ရက်နေ့မှာ ထွက်ရှိတဲ့ ထိုင်းထီ ဘတ်ငွေ ၆ သန်းဆု (နံပါတ် ၃၄၀၃၈၈) ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မှာ တစ်နေရာတည်း ဆိုင်တစ်ဆိုင်တည်းမှာ ပြိုင်တူဝယ်မိရင်း မိသားစု ၂ စု အတူတူ ဆွတ်ခူးခဲ့ကြတယ်လို့ သိရပါတယ်။ Pong Noi Temple ပေါင်နွိုင်ဘုန်းတော်ကြီးကျောင်းရှေ့ရှိ ထီဆိုင်မှာ မြန်မာနိုင်ငံသား လုပ်သား မိသားစု ၂ စုဟာ ယခုပေါက်မယ့်ထီကို ထီထွက်မယ့်နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ပြိုင်တူဝယ်မိခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာမိသားစု ၂ စုဟာ မဲဟောင်ဆောင်နဲ့ ချင်းမိုင်းမြို့မှာ နေထိုင်ကြတာဖြစ်ပါတယ်။ နိုင်ဖွန် အသက် (၄၃) နှစ်နဲ့ နိုင်ချိုင်း အသက် (၃၀) နှစ်တို့ ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမား ဘဝကနေ ချမ်းသာတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ကြတော့မှာ ဖြစ်လို့ ဝမ်းသာပါတယ်နော်။ ဒီမိသားစု ၂ စုလေးဟာ မိတ်ဆွေတွေ မဟုတ်ကြသလို၊ အရင်ကလည်း တစ်ဦးနဲ့ တစ်ဦး မသိခဲ့ကြပါဘူး။ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်တဲ့ အဖြစ်လေးလဲနော်။ ထိုင်းငွေ ၂၀၀၀ ကို မြန်မာငွေ ကျပ် တစ်သိန်းဖြစ်ပါတယ်။ အခုဆိုရင် ထိုင်းဘတ်ငွေ ၆ သန်းကို ထုတ်ယူပြီးရင် မိသားစု ၂ စုလုံးက မြန်မာနိုင်ငံကို ပြန်ပြီး ကိုယ်ပိုင်စီးပွားရေးနဲ့ အခြေချချင်တယ်လို့ ဆိုကြပါတယ်။

Loading...

credit-နေ့စဉ်သတင်းနှင့်သုတအဖြာဖြာ

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *