


Loading...



 



UNICODE

ဇနီးချောလေးပါခေါ်ပြီး နေပြည်တော်က အမေ့အိမ်မှာ ဝါးတီးဆွဲခဲ့တယ်ဆိုတဲ့ လင်းလင်း

ဝါသနာပါတဲ့ အနုပညာအလုပ်တွေနဲ့ လူမှုကူညီရေး ပရဟိတအလုပ်တွေလုပ်ရင်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ဖန်တီးထားတဲ့ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ ပြောနေစရာမလိုတဲ့ နားလည်မှုတွေနဲ့ ရှေ့ဆက်နေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လင်းလင်းက နေပြည်တော်ရောက်တုန်း အမေ့အိမ်မှာ ချစ်ဇနီးလေးနဲ့အတူ ဝါးတီးဆွဲခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့တာ တွေ့ရပါတယ်။ နေပြည်တော်နဲ့ ရန်ကုန်ကို အိမ်ဦးနဲ့ ကြမ်းပြင်လို မကြာခဏအသွားအလာလုပ်နေတဲ့ လင်းလင်းကတော့ နွေးထွေးတဲ့ အမေ့အိမ်ကိုလည်း မကြာခဏဆိုသလို ပြန်လေ့ရှိပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ရိုးရှင်းလှတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံရဲ့ထမင်းဝိုင်းလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

လင်းလင်းကတော့ “နေပြည်တော်ရောက်ရင် အမေ့အိမ်မှာ ထမင်းဝါးတီးဆွဲလိုက်ရမှ ( အမှန်က စရိတ်ချွေတာ တာပါ 🥴🥴🥴 )” ဆိုပြီး ချစ်ရတဲ့ မိဘအိမ် ပြန်ရောက်တုန်း ဝါးတီးအဝဆွဲခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ထမင်းကို လက်နဲ့ အားရပါးရနယ်ပြီး စားသောက်နေတဲ့ လင်းလင်းရဲ့ပုံစံကတော့ အရမ်းကို ပွင့်ပွင့်လင်းလင်း ရှိလှပါတယ်နော်။

လင်းလင်းကတော့ မကြာခဏဆိုသလိုလည်း ချစ်ရတဲ့ ဇနီးနဲ့ သမီးတွေကိုခေါ်ပြီး မိဘနှစ်ပါးကို သွားရောက်ကန်တော့လေ့ရှိတာလည်း တွေ့ရပါတယ်။

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ စိတ်တူကိုယ်တူနဲ့ ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်လုပ်လေ့ရှိပြီး ကလေးသူငယ်တွေရဲ့ကျန်းမာရေးအတွက်လည်း “ခေတ်သစ်ဖောင်ဒေးရှင်း” ကို တည်ထောင်ထားပါသေးတယ်။ ပကာသနမရှိ အေးချမ်းစွာ ဘဝကို ဖြတ်သန်းနေတဲ့ လင်းလင်းတို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေအားလုံးရဲ့စံပြထားရတဲ့ အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားတာပါ။ချစ်ပရိသတ်တွေလည်း မိဘအိမ်မှာ အရမ်းကို ရိုးရှင်းတဲ့ ထမင်းတစ်နပ်စားခဲ့ရလို့ ပီတိဖြစ်နေတဲ့ လင်းလင်းကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;Htwe Lynn Ko’s Facebook,CRD-MOMOLAY

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *