ကလေးငယ်လေး တောင်းဆိုတဲ့အရာကို မဆိုင်းမတွလိုက်လျောပေးခဲ့တဲ့ စတာလင်ရဲ့မေတ္တာတရား

အင်္ဂလန်တောင်ပံကစားသမားစတာလင်ရဲ့ နွေးထွေးတဲ့လုပ်ရပ်တစ်ခုကို ဘောလုံးပရိသတ်တွေက ၀ိုင်းဝန်းချီးကျူးခဲ့ကြတာပဲ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းနဲ့ ကိုဆိုဗိုအသင်းတို့ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရမှာတော့ အင်္ဂလန်အသင်းက (၅-၃) ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်ဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့ တကယ့်ကို အကြိတ်အနယ်ရှိလွန်ပြီး ဖျော်ဖြေမှုရသအပြည့်ပေးစွမ်းခဲ့ပါတယ်။

အထူးသဖြင့် အဲဒီပွဲစဉ်မှာ တောင်ပံကစားသမားစတာလင်က ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ စတာလင်ဟာ (၁) ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု (၃) ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Loading...

ဒါ့အပြင် ပွဲအပြီးမှာ စတာလင်ရဲ့နွေးထွေးတဲ့လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ စတာလင်ဟာ ပရိသတ်တွေကို အမှတ်တရလက်မှတ်လိုက်လံရေးထိုးပေးတဲ့အခါမှာတော့ ကလေးငယ်ပရိသတ်တစ်ယောက်က သူ့ရဲ့ဘောကန်ဖိနပ်ကို တောင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ စတာလင်ဟာ မဆိုင်းမတွနဲ့ ဖိနပ်ကိုလိုက်လျောစွာ ချွတ်ပေးခဲ့တာပါ။ ဒီလုပ်ရပ်အတွက် စတာလင်ကို ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။ စတာလင်ကတော့ တကယ့်ကို နှစ်လိုဖွယ်လူသားတစ်ဦးဆိုတာ သက်သေပြသလိုက်တာပါပဲ။

ကလေးငယ်လေးကို သူ့ရဲ့ဖိနပ်ချွတ်ပေးနေတဲ့ စတာလင်ရဲ့ဗီဒီယိုဖိုင်

Ref: Sportbible

Oz11(မိုမိုလေး)

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *