


Loading...


CRD-Momolay

UNICODE

သမီးငယ်လေး ဗစ်တိုးရီးယားလေးကို နာကျင်စရာဒဏ်ရာတွေ ကင်းရှင်းစေချင်တယ်ဆိုတဲ့ ချစ်သုဝေ

လအတော်ကြာ တရားရင်ဆိုင်နေရတဲ့ သမီးငယ်လေး ဗစ်တိုးရီးယားရဲ့အမှုကတော့ ဒီနေ့မှာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပါပြီ။ အကြောင်းကတော့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ သမီးငယ်လေး ဗစ်တိုးရီးယားကိုယ်တိုင် ကိုကို ညီညီ ဓါတ်ပုံကို ဖနောင့်နဲ့ ပေါက်ပြီး လက်ဖြင့် ထုရိုက်ပြခဲ့လို့ပဲ ဖြစ်ပါတယ်။ အဆိုပါအကြောင်းနဲ့ ပတ်သတ်ပြီး အနုပညာရှင်တစ်ဦးဖြစ်တဲ့ ချစ်သုဝေက ဗစ်တိုးရီးယားလေး ခံစားနေရတဲ့ နာကျင်စရာ ဒဏ်ရာတွေကို စိတ်ရော ကိုယ်ရော ကင်းရှင်းစေဖို့ ဆုတောင်းပေးခဲ့တာ တွေ့ရပါတယ်။ ချစ်သုဝေနဲ့ ထပ်တူ ပရိသတ်တွေအားလုံးကလည်း တရားခံ အစစ်အမှန်ကို အမြန်ဆုံး ပေါ်ပေါက်စေချင်နေကြပါပြီနော်။

ချစ်ပရိသတ်တွေအတွက် သူမလည်း မိခင်တစ်ဦးမို့ ဗစ်တိုးရီးယားလေးကို စိတ်မပင်ပန်းစေချင်ကြောင်း စိတ်မကောင်းစွာ ရင်ဖွင့်လာတဲ့ ချစ်သုဝေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ချစ်သုဝေကတော့ “သမီးငယ်လေးရယ်.. နာကျင်စရာဒဏ်ရာတွေကို စိတ်ရောကိုယ်ရော ကင်းရှင်းစေချင်လိုက်တာ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ ရေးသားထားတာပါ။ ဗစ်တိုးရီးယားလေးရဲ့အမှုသတင်းကိုတော့ The Voice Daily သတင်းက “နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် လူအများစိတ်ဝင်စားနေသည့် ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ခရိုင်တရားသူကြီး နှစ်ဦးရှေ့တွင် ဗစ်တိုးရီးယားလေးက ကိုကိုညီညီ ဓာတ်ပုံကို ရွေးချယ်ပြခဲ့ကာ ဖနောင့်နှင့်ပေါက်၍ လက်ဖြင့်ထုရိုက်ပြခဲ့ကြောင်း ယင်းတရားရုံးမှ သိရသည်။” ဆိုပြီး တင်ပြထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေလည်း အချိန်တွေ ကြာနေပြီဖြစ်တဲ့ သမီးလေး ဗစ်တိုးရီးယားရဲ့အမှု အမြန်ဆုံး အမှန်တရားပေါ်ပေါက်လာပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *