လက်စတာနဲ့ပွဲစဉ်မှာ ဆိုးလ်ရှားရဲ့စံချိန်ကောင်းတစ်ခုကို လိုက်မိဖွယ်ရှိနေတဲ့ ဒန်နီရယ်ဂျိမ်းစ်

မန်ယူအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ဆွမ်ဆီးအသင်းကနေ ဝေးလ်တောင်ပံကစားသမားဒန်နီရယ်ဂျိမ်းစ်ကို ပြောင်းရွှေ့ကြေး ပေါင် (၁၇) သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးပမာဏပဲ နည်းပါးလို့လား၊ ဒါမှမဟုတ် နာမည်ကျော်ကစားသမားမဟုတ်လို့လား။ ဒန်နီရယ်ဂျိမ်းစ်ရဲ့ အပြောင်းအရွှေ့က နွေရာသီအပြောင်းအရွှေ့ရပ်ဝန်းမှာ သိပ်ပြီးမထင်ပေါ်ခဲ့ပါဘူး။

ဒါပေမဲ့ ဒန်နီရယ်ဂျိမ်းစ်ဟာ လုံးဝကို ထင်မှတ်မထားလောက်တဲ့ စွမ်းဆောင်ရည်ကောင်းကို ပြသနေတာပဲ ဖြစ်ပါတယ်။ ဒန်နီရယ်ဂျိမ်းစ်ဟာ လက်ရှိဘောလုံးရာသီ မန်ယူအသင်းမှာ စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားအဖြစ် တည်ရှိနေခဲ့တာပါ။

Loading...

ဒန်နီရယ်ဂျိမ်းစ်အနေနဲ့ ခုနှစ်ရာသီ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီး၊ ပဲလေ့စ်စတဲ့ (၂) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တကယ်လို့ လာမယ့်လက်စတာနဲ့ပွဲစဉ်မှာလည်း ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် ဒန်နီရယ်ဂျိမ်းစ်ဟာ အိုးထရက်ဒ်ဖို့ အဖွင့် (၃) ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားမှာပါ။

အိုးထရက်ဖို့ဒ် အဖွင့် (၃) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော မန်ယူကစားသမားကတော့ လက်ရှိနည်းပြဆိုးလ်ရှားပဲ ဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ ၁၉၉၆ ရာသီ ဘလက်ဘန်း၊ နော်တင်ဟမ်၊ စပါးတို့နဲ့ အဖွင့် (၃) ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒန်နီရယ်ဂျိမ်းစ်အနေနဲ့ လာမယ့်လက်စတာနဲ့ပွဲစဉ်မှာ ဆိုးလ်ရှားရဲ့စံချိန်ကောင်းတစ်ခုကို လိုက်မီသွားနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Ref: Give Me Sport

Oz11(မိုမိုလေး)

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *