အေမရိကန္မွာ LGBT ျဖစ္ရတာ ကိုယ့္ကုိကိုယ္ ယံုၾကည္မႈ ပိုရိွတယ္ဆိုတဲ့ ဥကၠာမင္းေမာင္…..😱😱😱

Mister တစ္ေယာက္အျဖစ္ အနုပညာေလာကထဲကို ဝင္ေရာက္လာတဲ့ မင္းသားေခ်ာ ဥကၠာမင္းေမာင္က LGBT တစ္ေယာက္ျဖစ္တယ္လို့ ပရိသတ္ေတြကို အသိေပးထားသူပဲ ျဖစ္ပါတယ္။ ဥကၠာမင္းေမာင္က လက္ရိွမွာေတာ့ အေမရိကန္နိုင္ငံ Arizona ျပည္နယ္၊ Phoenix ျမိဳ့မွာ အေျခခ် ေနထုိင္ေနတာ ျဖစ္ပါတယ္။ ဒီေန့ကေတာ့ ဥကၠာမင္းေမာင္ အေမရိကန္ျပည္ေထာင္စုမွာ အေျခခ် ေနထိုင္ခဲ့တာ (၁၀) နွစ္တိတိ ျပည့္တဲ့ေန့ေလး ျဖစ္ပါတယ္။ ဥကၠာမင္းေမာင္က အေမရိကားမွာ ေနထိုင္ခဲ့တဲ့ (၁၀) နွစ္တာ အမွတ္တရေတြကို အခုလို႔ပဲ ေျပာျပလာပါတယ္။

“Today is the 10 year mark in the US. အေမရိကန္ျပည္ေထာင္စုကိုေရာက္လာတာ ဒီေန႔ဆုိ ၁၀ႏွစ္ျပည့္ခဲ့ၿပီ။ ကၽြန္ေတာ့္ဘဝရဲ႕ ၃ ပံုတပံုနီးပါးလို႔ေတာင္ေျပာလို႔ရမယ္။ ေကာင္းျခင္းဆိုးျခင္းေပါင္းမ်ားစြာ၊ ဘဝရဲ႕ အခက္အခဲေတြ ေပ်ာ္စရာ အမွတ္တရေတြ၊ ႏိုင္ငံေပါင္းစံုက မိတ္ေဆြအေပါင္းအသင္းေတြ၊ ဘဝအေတြ႕အၾကံဳ အနိမ့္အျမင့္ အတက္အက်ေတြ မ်ားစြာၾကံဳခဲ့ရၿပီးၿပီ။”

Loading...

“ငယ္ငယ္တုန္းက ႀကီးလာရင္ ဒီႏိုင္ငံဟာ ကၽြန္ေတာ့္ရဲ႕ ဒုတိယအိမ္ျဖစ္လာလိမ့္မယ္လို႔ တခါမွ မေတြးမိခဲ့ဖူးဘူး။ ဒီကိုလာဖို႔ ပညာေတြသင္ဖို႔ အစစအရာရာ ေထာက္ပံ့ေပးခဲ့တဲ့ ေမႀကီးနဲ႔ ေဖႀကီးတို႔ရဲ႕ေက်းဇူးေတြေၾကာင့္သာ ဘဝဟာ အရာရာ တဆစ္ခ်ိဳးေျပာင္းလဲသြားခဲ့တာ။ ကၽြန္ေတာ္ငယ္ငယ္က နဲနဲေမာက္မာတယ္။ ဆိုးတယ္။ အလိုလိုက္ခံရေတာ့ တခါတရံရိုင္းတယ္။”

“ဒီေရာက္ေတာ့မွ ဘဝဟာ ေအာက္ေျခသိမ္းကအစလုပ္ခဲ့ရေတာ့ အပိုးက်ိဳးသြားတယ္။ ဆင္းရဲခ်မ္းသာမခြဲပဲ လူတန္းစားေပါင္းစံု လူမ်ိဴးေပါင္းစံုကို တန္းတူညီတူ ဆက္ဆံတတ္လာတယ္။ အလုပ္ေပါင္းစံုလုပ္ခဲ့ဖူးသလို လူေပါင္းစံုနဲ႔ ေပါင္းသင္းတတ္လာတယ္။ ခြဲျခားဆက္ဆံတာမ်ိဳးမရွိေတာ့ဘူး။ မရိုင္းတတ္ေတာ့ဘူး။ ပိုက္ဆံတန္ဖိုးပိုသိလာတယ္။”

“လိင္တူျခင္းစံုမက္တာဟာလဲ ရွက္စရာမဟုတ္တာ။ အမွားတခုက်ဴးလြန္တာ မဟုတ္ဘူးဆိုတာ ပိုနားလည္လာတယ္။ ဒီႏိုင္ငံမွာ LGBT တစ္ေယာက္ျဖစ္ျခင္းဟာ သာမာန္ပါပဲ။ သူတို႔အတြက္ ရပ္တည္ေပးေသာ တရားဥပေဒေတြလည္း ရွိတဲ့အတြက္ ပိုၿပီး အျမင္က်ယ္လာတယ္။ ကုိယ့္ကုိယ္ကိုယ္လဲ ယံုၾကည္မႉပိုရွိလာတယ္။ ျမန္မာျပည္မွာေနတုန္းကေတာ့ အရမ္းႀကီးဖုန္းကြယ္မထားခဲ့ေပမယ့္ အသိခံရမွာေတာ့ စိုးရိမ္ခဲ့တယ္ေလ။”

“ဒီမွာေနတဲ့ ၁၀ ႏွစ္အတြင္း ရည္းစားေတြလဲ အမ်ားႀကီးရွိခဲ့ဖူးတယ္။ ဟဲဟဲ.. ဒါကေတာ့ႁခြင္းခ်က္ေပါ့ေနာ္။ အိမ္ေထာင္က်တယ္။ သူဆံံုးသြားတယ္။ မုဆိုးဖိုျဖစ္ဖို႔ကံဇာတာပါလာတယ္။ အတိတ္ကို ျပန္လွည့္ၾကည့္လိုက္ရင္ ကၽြန္ေတာ့္ဘဝမွာ တကယ္ျဖစ္ခဲ့တာေတြဟာ ရုပ္ရွင္တကားထက္ပိုၿပီးရႉပ္ေထြးေလးနက္တယ္။”

“အဲ့အေၾကာင္းေတြကို မခြန္းဆင့္က ရုပ္ရွင္ရိုက္မယ္ဆိုလို႔ ေရးေနတာေတာင္ စိတ္ဓာတ္က်ၿပီးဆက္မေရးပဲ တန္းလန္းရပ္ထားတာ။ ေျပာရရင္ေတာ့ အေၾကာင္းတရားေပါင္းမ်ားစြာေပါ့ေလ။ ေဩာ္..ျပန္ေတြးၾကည့္ရင္ ၁၀ ႏွစ္ဆိုတဲ့ အခ်ိန္ကာလတစ္ခုက ကၽြန္ေတာ့္ကို အမ်ားႀကီးေျပာင္းလဲသြားေစခဲ့တယ္။ နိမ့္တခါျမင့္တလွည့္ ဘဝဟာ ျဖစ္ခ်င္တာေတြ အကုန္ မျဖစ္ေသးေပမယ့္ ႀကိဳးစားခြင့္ရခဲ့သေလာက္ အရာထင္ခဲ့ေသာ ကၽြန္ေတာ့္ဘဝမွတ္တိုင္ေလးေတြကိုလည္း ျပန္ေတြးရင္လည္း ေက်နပ္ပါတယ္။”

“.ဒီႏိုင္ငံမွာေနရတဲ့ ရိုးရွင္းတဲ့ဘဝေကာ ျမန္မာျပည္ျပန္လာတိုင္း ကိုယ္ျဖစ္ခ်င္တဲ့ ဝါသနာပါတဲ့ အႏုပညာအလုပ္ေလးေတြ ရံဖန္ရံခါလုပ္ခြင့္ရတဲ့ဘဝေကာ ဘဝ ႏွစ္ခုကို တၿပိဳင္ထဲ ေနခြင့္ရတဲ့ ဘဝမွာေနရတာလဲ ကၽြန္ေတာ္ ေက်နပ္ပါတယ္။ ဒီမွာေနရတာ သူမ်ားေတြထင္သလို အရာရာ ၿပီးျပည့္စံုေနတယ္ဆိုတာ မဟုတ္ေပမယ့္ တခ်ိဳ႕ ကၽြန္ေတာ္ခ်မျပထားေသာ ပရိတ္သတ္မသိေသးေသာ အရာေတြလဲ အမ်ားႀကီးရွိေသးတယ္။ ကၽြန္ေတာ္က လၽွိဳ႕ဝွက္တတ္တယ္ေလ။ တစ္ခ်ိန္က်ရင္ ေတာ့ ကၽြန္ေတာ့္ဘဝျဖတ္သန္းခဲ့တဲ့ အေကာင္းအဆိုးနဲ႔ အရာရာအားလံုးကို စာအုပ္အျဖစ္အသက္သြင္းပါဦးမယ္.. Cheers to 10 years of living in the United States” ဆိုျပီး အမွတ္တရေတြ ေျပာျပလာပါတယ္။

ဥကၠာမင္းေမာင္ကေတာ့ သူလက္ရိွ ခံယူထားတဲ့ သူ့ဘဝကို ေက်နပ္ေနတာကို ေတြ့ရပါတယ္။ ဥကၠာမင္းေမာင္တစ္ေယာက္ ဒီထက္မက ေအာင္ျမင္မႈေတြ၊ ေပ်ာ္ရႊင္မႈေတြ မ်ားစြာ ရရိွပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

CRD-Momolay

UNICODE

အမေရိကန်မှာ LGBT ဖြစ်ရတာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိတယ်ဆိုတဲ့ ဥက္ကာမင်းမောင်

Mister တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ မင်းသားချော ဥက္ကာမင်းမောင်က LGBT တစ်ယောက်ဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးထားသူပဲ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်က လက်ရှိမှာတော့ အမေရိကန်နိုင်ငံ Arizona ပြည်နယ်၊ Phoenix မြို့မှာ အခြေချ နေထိုင်နေတာ ဖြစ်ပါတယ်။ ဒီနေ့ကတော့ ဥက္ကာမင်းမောင် အမေရိကန်ပြည်ထောင်စုမှာ အခြေချ နေထိုင်ခဲ့တာ (၁၀) နှစ်တိတိ ပြည့်တဲ့နေ့လေး ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်က အမေရိကားမှာ နေထိုင်ခဲ့တဲ့ (၁၀) နှစ်တာ အမှတ်တရတွေကို အခုလို့ပဲ ပြောပြလာပါတယ်။

“Today is the 10 year mark in the US. အမေရိကန်ပြည်ထောင်စုကိုရောက်လာတာ ဒီနေ့ဆို ၁၀နှစ်ပြည့်ခဲ့ပြီ။ ကျွန်တော့်ဘဝရဲ့ ၃ ပုံတပုံနီးပါးလို့တောင်ပြောလို့ရမယ်။ ကောင်းခြင်းဆိုးခြင်းပေါင်းများစွာ၊ ဘဝရဲ့ အခက်အခဲတွေ ပျော်စရာ အမှတ်တရတွေ၊ နိုင်ငံပေါင်းစုံက မိတ်ဆွေအပေါင်းအသင်းတွေ၊ ဘဝအတွေ့အကြုံ အနိမ့်အမြင့် အတက်အကျတွေ များစွာကြုံခဲ့ရပြီးပြီ။”

“ငယ်ငယ်တုန်းက ကြီးလာရင် ဒီနိုင်ငံဟာ ကျွန်တော့်ရဲ့ ဒုတိယအိမ်ဖြစ်လာလိမ့်မယ်လို့ တခါမှ မတွေးမိခဲ့ဖူးဘူး။ ဒီကိုလာဖို့ ပညာတွေသင်ဖို့ အစစအရာရာ ထောက်ပံ့ပေးခဲ့တဲ့ မေကြီးနဲ့ ဖေကြီးတို့ရဲ့ကျေးဇူးတွေကြောင့်သာ ဘဝဟာ အရာရာ တဆစ်ချိုးပြောင်းလဲသွားခဲ့တာ။ ကျွန်တော်ငယ်ငယ်က နဲနဲမောက်မာတယ်။ ဆိုးတယ်။ အလိုလိုက်ခံရတော့ တခါတရံရိုင်းတယ်။”

“ဒီရောက်တော့မှ ဘဝဟာ အောက်ခြေသိမ်းကအစလုပ်ခဲ့ရတော့ အပိုးကျိုးသွားတယ်။ ဆင်းရဲချမ်းသာမခွဲပဲ လူတန်းစားပေါင်းစုံ လူမျိူးပေါင်းစုံကို တန်းတူညီတူ ဆက်ဆံတတ်လာတယ်။ အလုပ်ပေါင်းစုံလုပ်ခဲ့ဖူးသလို လူပေါင်းစုံနဲ့ ပေါင်းသင်းတတ်လာတယ်။ ခွဲခြားဆက်ဆံတာမျိုးမရှိတော့ဘူး။ မရိုင်းတတ်တော့ဘူး။ ပိုက်ဆံတန်ဖိုးပိုသိလာတယ်။”

“လိင်တူခြင်းစုံမက်တာဟာလဲ ရှက်စရာမဟုတ်တာ။ အမှားတခုကျူးလွန်တာ မဟုတ်ဘူးဆိုတာ ပိုနားလည်လာတယ်။ ဒီနိုင်ငံမှာ LGBT တစ်ယောက်ဖြစ်ခြင်းဟာ သာမာန်ပါပဲ။ သူတို့အတွက် ရပ်တည်ပေးသော တရားဥပဒေတွေလည်း ရှိတဲ့အတွက် ပိုပြီး အမြင်ကျယ်လာတယ်။ ကိုယ့်ကိုယ်ကိုယ်လဲ ယုံကြည်မှူပိုရှိလာတယ်။ မြန်မာပြည်မှာနေတုန်းကတော့ အရမ်းကြီးဖုန်းကွယ်မထားခဲ့ပေမယ့် အသိခံရမှာတော့ စိုးရိမ်ခဲ့တယ်လေ။”

“ဒီမှာနေတဲ့ ၁၀ နှစ်အတွင်း ရည်းစားတွေလဲ အများကြီးရှိခဲ့ဖူးတယ်။ ဟဲဟဲ.. ဒါကတော့ခြွင်းချက်ပေါ့နော်။ အိမ်ထောင်ကျတယ်။ သူဆံုံးသွားတယ်။ မုဆိုးဖိုဖြစ်ဖို့ကံဇာတာပါလာတယ်။ အတိတ်ကို ပြန်လှည့်ကြည့်လိုက်ရင် ကျွန်တော့်ဘဝမှာ တကယ်ဖြစ်ခဲ့တာတွေဟာ ရုပ်ရှင်တကားထက်ပိုပြီးရှူပ်ထွေးလေးနက်တယ်။”

“အဲ့အကြောင်းတွေကို မခွန်းဆင့်က ရုပ်ရှင်ရိုက်မယ်ဆိုလို့ ရေးနေတာတောင် စိတ်ဓာတ်ကျပြီးဆက်မရေးပဲ တန်းလန်းရပ်ထားတာ။ ပြောရရင်တော့ အကြောင်းတရားပေါင်းများစွာပေါ့လေ။ ေဩာ်..ပြန်တွေးကြည့်ရင် ၁၀ နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုက ကျွန်တော့်ကို အများကြီးပြောင်းလဲသွားစေခဲ့တယ်။ နိမ့်တခါမြင့်တလှည့် ဘဝဟာ ဖြစ်ချင်တာတွေ အကုန် မဖြစ်သေးပေမယ့် ကြိုးစားခွင့်ရခဲ့သလောက် အရာထင်ခဲ့သော ကျွန်တော့်ဘဝမှတ်တိုင်လေးတွေကိုလည်း ပြန်တွေးရင်လည်း ကျေနပ်ပါတယ်။”

“.ဒီနိုင်ငံမှာနေရတဲ့ ရိုးရှင်းတဲ့ဘဝကော မြန်မာပြည်ပြန်လာတိုင်း ကိုယ်ဖြစ်ချင်တဲ့ ဝါသနာပါတဲ့ အနုပညာအလုပ်လေးတွေ ရံဖန်ရံခါလုပ်ခွင့်ရတဲ့ဘဝကော ဘဝ နှစ်ခုကို တပြိုင်ထဲ နေခွင့်ရတဲ့ ဘဝမှာနေရတာလဲ ကျွန်တော် ကျေနပ်ပါတယ်။ ဒီမှာနေရတာ သူများတွေထင်သလို အရာရာ ပြီးပြည့်စုံနေတယ်ဆိုတာ မဟုတ်ပေမယ့် တချို့ ကျွန်တော်ချမပြထားသော ပရိတ်သတ်မသိသေးသော အရာတွေလဲ အများကြီးရှိသေးတယ်။ ကျွန်တော်က လျှို့ဝှက်တတ်တယ်လေ။ တစ်ချိန်ကျရင် တော့ ကျွန်တော့်ဘဝဖြတ်သန်းခဲ့တဲ့ အကောင်းအဆိုးနဲ့ အရာရာအားလုံးကို စာအုပ်အဖြစ်အသက်သွင်းပါဦးမယ်.. Cheers to 10 years of living in the United States” ဆိုပြီး အမှတ်တရတွေ ပြောပြလာပါတယ်။

ဥက္ကာမင်းမောင်ကတော့ သူလက်ရှိ ခံယူထားတဲ့ သူ့ဘဝကို ကျေနပ်နေတာကို တွေ့ရပါတယ်။ ဥက္ကာမင်းမောင်တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေ များစွာ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *