ချိန်ထမီလေးဝတ်ပြီး နန်းဆန်ဆန် Catwalk လျှောက်ပြခဲ့တဲ့ ဖိလစ်ပိုင်မော်ဒယ် Sinon Loresca

အာရှနိုင်ငံအတွင်းမှာသာမက အနောက်တိုင်းနိုင်ငံတွေထိ ထိုးဖောက်အောင်မြင်နေတဲ့ ဖိလစ်ပိုင် မော်ဒယ်၊ သရုပ်ဆောင် Sinon Loresca က မြန်မာနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ Sinon Loresca က မန္တလေးမြို့မှာ ကျင်းပပြုလုပ်မယ့် Miss Earth Myanmar 2019 ပြိုင်ပွဲကြီးမှာ မော်ဒယ်တွေကို Catwalk လျှောက်နည်း လာရောက် သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။

Loading...

Sinon Loresca က မြန်မာနိုင်ငံကို ရောက်ခိုက် မြန်မာတို့ရဲ့ ရိုးရာဝတ်စုံဖြစ်တဲ့ ရွှေချည်ထိုးပုဝါ၊ ချိတ်ထမီလေးဝတ်ပြီး လျှောက်လည်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Sinon Loresca က မန္တလေးမြို့မှာ ရှိတဲ့ မြန်မာတို့ တန်ဖိုးထားရတဲ့ မြနန်းစံကျော် ရွှေနန်းတော်ကို သွားရောက်လည်ပတ်ခဲ့တာကို တွေ့ရပါတယ်။

Sinon Loresca က မြန်မာဝတ်စုံလေးဝတ်ပြီး အမှတ်တရအနေနဲ့ သူ့ရဲ့ နာမည်ကြီး Catwalk လျှောက်နည်းကို လျှောက်ပြခဲ့ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် မြန်မာဝတ်စုံလေးဝတ်ပြီး Catwalk လျှောက်ပြခဲ့တဲ့ Sinon Loresca ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Sinon Loresca ကတော့ မြန်မာဝတ်စုံလေးကို တန်ဖိုးထား ဝတ်ဆင်ပြီး အမှတ်တရ အနေနဲ့ သူ့ရဲ့ နာမည်ကြီး Catwalk လျှောက်နည်းကို လျှောက်ပြခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Sinon Loresca ရဲ့ ဗီဒီယိုလေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

credit – momolay

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *