


Loading...


CRD-Cele Gabar

UNICODE

“ကလေးဆိုးလေးကို အမြဲအလျှော့ပေးတဲ့ နေဝင်းအကြောင်း ဖွင့်ဟလာတဲ့ အိမ့်ချစ်ချော”

အိမ့်ချစ်ချောက လက်ရှိမှာ Travel Blogger တစ်ယောက်အပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ရင်း ရပ်တည်နေတာဖြစ်ပြီး နေဝင်း(snare) ကလည်း ဂီတလောကမှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။နေဝင်း(Snare) နဲ့ အိမ့်ချစ်ချော တို့ဟာ နေဝင်း အဆိုတော်မဖြစ်ခင်ကတည်းကနေ ချစ်သူသက်တမ်း(၉)နှစ်ကျော်သည်အထိ နားလည်မှုအပြည့်နဲ့ လက်တွဲလာခဲ့ကြပြီး ပရိသတ်တွေက အားကျရတဲ့ အနုပညာရှင် စုံတွဲတွေထဲက တစ်တွဲအပါအဝင်ဖြစ်ပါတယ်။

နေဝင်းကိုယ်တိုင်ကလည်း O.M.G Fashion Brand တွေ ထုတ်လုပ်နေတာ ဖြစ်သလို၊ ချစ်သူကောင်မလေးကလည်း မိန်းကလေးအလှအပနဲ့ ပတ်သက်တဲ့ Fashion တွေအတွက် ပါဝင်ကူညီနေပါတယ်။ ကိုယ်ပိုင်စီးပွားရေး နဲ့ကိုယ် ဦးဆောင်နေရသလို အနုပညာအလုပ်တွေမှာ လစ်ဟင်းမှုမရှိ လုပ်ကိုင်နေမှုကြောင့် အောင်မြင်မှုအခိုင်အမာရရှိထားပြီး ဘေးနားမှာ အစစအရာရာ ဖေးမကူညီပေးတဲ့ ချစ်သူလေးပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေရဲ့ အားကျချစ်ခင်ခြင်းခံနေရပါသေးတယ်။

ချစ်သူသက်တမ်းတစ်လျှောက်မှာ ပုံမှန်စုံတွဲတွေလိုဘဲ ရန်ဖြစ်တာတွေတော့ရှိတာပေါ့ တင်းတဲ့သူကတင်းရင် လျှော့တဲ့သူကလျှောရတာပေါ့ ချောကတော့အမြဲတင်းပါတယ် ကိုနေဝင်းကအမြဲလျှောပေးတဲ့ အတွက် ဆိုးလို့ရလို့ဆိုးတာပါ၊ အိမ်မှာကအကြီးနေရာကနေရတဲ့အတွက် အလျှောပေးတဲ့ သူအပေါ်ဆိုးတာပါလို့ ဆိုထားပါတယ်။ပရိသတ်ကြီးရေ အိမ့်ချစ်ချောနဲ့ နေဝင်းတို့ စုံတွဲလေးကိုအားကျနေပြီလား။

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *