Loading...
UNICODE
” အလှူငွေ( ၁၀၄ ) သိန်းတန်ဖိုးရှိတဲ့ လှူဖွယ်ပစ္စည်းတွေကို ရေဘေးသင့်ပြည်သူတွေအတွက် သွားရောက်လှူဒါန်းခဲ့တဲ့ ခါရာ “
ခါရာကတော့ တက်သစ်စဖြစ်ပေမယ့်အမျိုးသမီးပရိသတ်တွေ အများဆုံးအားပေးဝန်းရံခံရတဲ့သူပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ချက်တွေပီပြင်မှုကြောင့် အချိန်တိုတိုနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့တဲ့သူပဲ ဖြစ်ပါတယ်။ “မျက်နှာ ပြင်များ ” ရုပ်ရှင်ဇာတ်ကား နဲ့” Star Awards 2018 Rising Star Awards” ဆု အပြင် Best Fashion Star Male Award ဆုကိုပါ ရရှိခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပြီး လက်ရှိမှာလည်း ရုပ်ရှင်ကားကြီးတွေအပြင် အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ ရေကြီးနေတာပဲဖြစ်ပြီး အနုပညာရှင်တွေများစွာကလည်း ကိုယ်တိုင်သွားရောက်ကူညီထောက်ပံ့နေကြတာပဲ ဖြစ်ပါတယ်။ထိူကူညီထောက်ပံ့သူတွေထဲမှာ ခါရာလည်း အပါအဝင်ဖြစ်ပါတယ်။” မွန်ပြည်နယ်ရေဘေးအလှူတော်ငွေအဖြစ် မော်လမြိုင်မြို့ ရှိ သာသနာနွယ်ဖောင်ဒေးရှင်း သို့ (၁၀) သိန်းကျပ် နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ (၃) သိန်းကျပ် စုစုပေါင်း (၁၃) သိန်းကျပ် ထည့်ဝင်လှူဒါန်းခဲ့ပြီး ကျိုက်မရောမြို့မှာရှိတဲ့ ရေဘေးသင့် ကျေးရွာတွေဖြစ်တဲ့ ကဒုံစိရွာ၊ ကော့ဒွန်းရွာ၊ ကဒုံနိရွာ များရှိ စုစုပေါင်း အိမ်ခြေ (၅၀၀ )အတွက် အလှူရှင်အသီးသီး ထည့်ဝင်လှူဒါန်းကြတဲ့ ငွေကျပ် (၁၀၄ )သိန်းတန်ဖိုးရှိ ဆန် ( ၅ ) ပြည် အိတ် (၅၀၀ )အိတ် ၊ မုန့်အစုံ ပါ အိတ် (၅၀၀) အိတ်၊ (၆၀၀၀) ကျပ် တန် အင်္ကျီ( ၅၀၀) ထည်၊ (၈၀၀၀) တန် ဂါဝန် (၃၀၀) ထည် အစရှိသော လှူဖွယ်ပစ္စည်းတွေကို ၁၇.၈.၂၀၁၉ ရက်နေ့မှာ ကဒုံစိရွာ၊ ကော့ဒွန်းရွာ၊ ကဒုံနိရွာများသို့ သာသနာနွယ်ဖောင်ဒေးရှင်းနဲ့အတူ သွားရောက်ပြီး ကုသိုလ်ယူ ပါဝင်အားဖြည့်လှူဒါန်းပေးခဲ့ပါတယ်ဗျ။
အခုလိုကိုယ်တိုင်ကိုယ်ကျ ပါဝင်ကုသိုလ်ယူနိုင်အောင် အစစအရာရာ စီစဉ်ပေးခဲ့တဲ့ သာသနာနွယ်ဖောင်ဒေးရှင်းမှ ဆရာတော် အရှင်စန္ဒဇောတိနဲ့ ပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်များ အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်ဗျ။
ကျိုက်မရောမှာရှိတဲ့ သွားလာရခက်ခဲတဲ့ဝေးလံတဲ့တစ်ချို့ ရေဘေးသင့်ကျေးရွာတွေမှာ လက်ရှိအချိန်ထိရေကြီးနေဆဲဖြစ်တဲ့အတွက် အခက်အခဲများရှိနေဆဲဖြစ်ပါတယ်…. ” ဆိုပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြကာ သွားရောက်လှူဒါန်းကြဖို့ကို တိုက်တွန်းထားပြတန်တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ခါရာရဲ့ အလှူအတွက် သာဓုခေါ်ခဲ့ပါဦးနော်။
Source :Khar Ra,CRD_Shwe Poe@CeleGabar
Flower
Loading...
Flower
Written by 
Leave a Reply
Your email address will not be published. Required fields are marked *