တောင်ပြုံးပွဲရဲ့ ပွဲခင်းကြီးထဲမှာ ပျော်ပျော်ပါးပါး လျှောက်လည်နေတဲ့ ဧငြိမ်းဖြူ

သရုပ်ဆောင်ပိုင်းမှာရော အကပိုင်းမှာပါ ထူးချွန်သူလေးတစ်ဦးဖြစ်တဲ့ ဧငြိမ်းဖြူကတော့ အသံဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ အချစ်ရေးမှာလည်း သဲသဲလှုပ်ဂရုစိုက်တတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ ဧငြိမ်းဖြူကတော့ သူမရဲ့ ကံကောင်းလှတဲ့ အချစ်ရေးလေးအတွက် အမြဲတမ်း ဂုဏ်ယူနေသူဖြစ်ပါတယ်။

ဧငြိမ်းဖြူက လက်ရှိမှာတော့ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှာ ကျင်းပပြုလုပ်နေတဲ့ တောင်ပြုံးပွဲတော်ကြီးဆီ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

Loading...

မိုမိုလေးပရိသတ်တွေအတွက် တောင်ပြုံးပွဲက ပွဲခင်းကြီးထဲမှာ ပျော်ပျော်ပါးပါး လျှောက်လည်နေတဲ့ ဧငြိမ်းဖြူရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ဧငြိမ်းဖြူကတော့ သူမရဲ့ ပုံစံလေးအတိုင်းမှာ ရိုးရိုးရှင်းရှင်းလေးနဲ့ လူပုံအလည်မှာ အလှကြီးလှနေတာပဲ ဖြစ်ပါတယ်။

မြန်မာဆန်ဆန်လှနေတဲ့ ဧငြိမ်းဖြူ

ဧငြိမ်းဖြူက လက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်နေပြီး အခြားသော အနုပညာလုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ်လုပ်ကိုင်နေတာ တွေ့ရပါတယ်။

ဧငြိမ်းဖြူကတော့ ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းနေတာပဲနော်။ ပရိသတ်ကြီးလည်း တောင်ပြုံးပွဲရောက် ဧငြိမ်းဖြူရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit.momolay

Flower
Loading...

Written by 

Leave a Reply

Your email address will not be published. Required fields are marked *