ရေဘေးသင့်ပြည်သူများအတွက် ခေါက်ဆွဲခြောက်နဲ့ ဘီစကစ် ၂သိန်းဖိုး လှူဒါန်းခဲ့တဲ့ မေမြင့်မိုရ်တို့မောင်နှမ

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုတွေ ရရှိထားသူလေး ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အမြဲတမ်းလိုလို ပြုံးနေတဲ့ မေမြင့်မိုရ်ကို ပရိသတ်တွေက တစ်နေ့တစ်ခြား ချစ်ခင်ကြတာကို တွေ့ရပါတယ်။ မေမြင့်မိုရ်က လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

အနုပညာလုပ်ငန်းတွေ စဉ်ဆက်မပြတ်လုပ်ကိုင်သလို ပရဟိတလုပ်ငန်းတွေလည်း စွမ်းစွမ်းတမံ လုပ်ကိုင်လေ့ရှိတဲ့ မင်းသမီးလေး မေမြင့်မိုရ်က အခုလည်း အွန်ပြာ်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် အလှူလေး လုပ်ခဲ့တာကို တွေ့ရပါတယ်။

Loading...

မေမြင့်မိုရ်နဲ့ သူမရဲ့မောင်လေး သရုပ်ဆောင် သျှင်းမြတ်တို့က ရန်ကုန်မြို့ နာရေးကူညီမှုအသင်းမှာ ရေဘေးသင့်ပြည်သူတွေအတွက် (၂၀၀၀၀၀) ဖိုး တန်ဖိုးရှိ ခေါက်ဆွဲခြောက်နဲ့ ဘီစကစ်မုန့်တွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မေမြင့်မိုရ်တို့ မောင်နှမနှစ်ယောက်က နာရေးကူညီမှုအသင်းမှာ နိဗ္ဗာန်ယာဉ်မောင်းပြီးလည်း ကုသိုလ်ယူလေ့ရှိသလို ဘာသာရေး အင်မတန်လိုက်စားတဲ့ မောင်နှမတွေပဲ ဖြစ်ပါတယ်။

Flower

မေမြင့်မိုရ်ကတော့ သူမတို့မောင်နှမနှစ်ယောက်ရဲ့ ချွေးနည်းစာ အနုပညာကြေးလေးတွေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေမြင့်မိုရ်တို့ မောင်နှမနှစ်ယောက်ရဲ့ အလှူလေးကို သာဓုခေါ်ပေးကြပါဦးနော်။

Credit.momolay

Flower
Loading...

Written by