ပရဟိတနဲ့ လူမှုကူညီရေးတွေမှာ အားကြိုးမာန်တက် ကူညီလေ့ရှိတာမို့ ပရဟိတ မင်းသမီးကြီးလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သူမရဲ့ မွန်မြတ်တဲ့စိတ်ထားလေးကြောင့် ပရိသတ်တွေ လေးစားအားကျ ချစ်ခင်ကြသူတစ်ဦးပါ။ အလှူအတန်းတွေမှာလည်း လက်မနှေးလှတဲ့ ခိုင်နှင်းဝေကတော့ လက်ရှိမှာ မိဘမဲ့ကလေးတွေကိုလည်း သူမကိုယ်တိုင် မိခင်အဖြစ်ခံယူပြီး မွေးစားနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခိုင်နှင်းဝေက သူမမွေးစားထားတဲ့ သားသမီးတွေရဲ့လုံခြုံရေးအတွက် ခိုင်နှင်းဝေဂေဟာမှာ CCTV တွေ တပ်ဆင်လိုက်တဲ့အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ခိုင်နှင်းဝေကတော့ ကလေးတွေအတွက် အသေးစိတ်ကအစ ဂရုစိုက်တတ်လွန်းတဲ့ မေမေပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို စိတ်ထားကောင်းလွန်းတဲ့ မေမေခိုင်နှင်းဝေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ခိုင်နှင်းဝေကတော့ “ဂေဟာမှာ ကလေးတွေရဲ့ လုံခြုံရေးအတွက် CCTV ၈လုံးတပ်ဆင်ထားပါတယ်ရှင်…လိုအပ်တဲ့ CCTVများ လှူဒါန်းပေးတဲ့ Winner CCTV Company ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်…လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားတဲ့အပြင် ညစောင့်အမျိုးသားဝန်ထမ်းများလည်းခန့်ထားပါတယ်. ဘာကိုမှတရားသေသတ်မှတ်လို့မရတဲ့ခေတ်ကြီးထဲမှာ ကျမရဲ့ သားသမီးတွေကို မှည့်တပေါက်အစွန်းထင်းမခံနိုင်ပါဘူး…ကျမကို တိုက်ခိုက်ချင်လို့ဖြစ်စေ, ကျမ အခုလိုလုပ်နေတဲ့လုပ်ရပ်တွေအပေါ် မုဒိတာမပွားနိုင်၍ဖြစ်စေ တနည်းနည်းနဲ့ ကျမကိုပြိုလဲအောင်ပြုလုပ်ဖို့တော့ ကျမရဲ့ ဂေဟာနဲ့ကလေးတွေအနားကို ယောင်လို့တောင်ကပ်လို့မရနိုင်ပါဘူးလို့ …CCTV ထဲလဲ မှတ်တမ်းများအားလုံးရှိပြီး,အစဉ်မပြတ်စောင့်ကြည့်နေသူဝန်ထမ်းများလဲရှိသလို ရပ်ကွက်အုပ်ချုပ်ရေးမှုးများ, ရဲစခန်းများ နဲ့ တာဝန်ရှိသူများ,အိမ်နီးနားချင်းများအားလုံးကိုလည်း ဂေဟာရဲ့ လုံခြုံရေးအတွက်စောင့်ရှောက်ပေးဖို့ အသိပေးပြောကြားထားပြီး, လိုအပ်သောအချက်အလက်များပြသသင့်သောဓာတ်ပုံများ,ကိုလည်းပြသထားပြီးဖြစ်ပါတယ်…ကျမ သားသမီးတွေကိုတော့ နည်းနည်းမှအထိခိုက်မခံနိုင်ပါဘူး…သားသမီးထိ ဓားကြည့်ပေါ့ရှင်…ကလေးတို့ရဲ့မေမေ ခိုင်နှင်းဝေ”ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ခိုင်နှင်းဝေကတော့ မကြာသေးခင်ကပဲ သူမရဲ့မေတ္တာရိပ်မြုံလေးက သားသမီးတွေကို နာမည်ပေးကင်ပွန်းတပ်တွေ ပြုလုပ်ပေးခဲ့ပါသေးတယ်။

ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေကတော့ အခုဆိုရင် မိဘမဲ့ကလေးတွေကို မိခင်အမည်ခံပြီး မွေးစားထားတာ ကလေးတော်တော်များများရဲ့ မိခင်ဖြစ်လို့နေပါပြီ။ မွန်မြတ်တဲ့ မေတ္တာတရားတွေ ပြည့်နှက်နေတဲ့ ခိုင်နှင်းဝေကတော့ ပရဟိတလုပ်ငန်းတွေအတွက် “ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း”ကို တည်ထောင်ထားတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်စရါစိတ်ဓါတ်ပိုင်ရှင်လေး ခိုင်နှင်းဝေရဲ့မိခင်ပီသတဲ့ စိတ်ဓါတ်လေးကို သဘောကျရင် Share သွားကြပါဦးနော်။
credit.momolay