“ငွေစက္ကူ(၇)ရွက်” ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုရရှိနေတဲ့ မြနှင်းရည်လွင်ရဲ့ Fan Meeting ပွဲ

အခုတလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ “ငွေစက္ကူ(၇)ရွက်” ဇာတ်လမ်းတွဲက မြုပ်ကွက်အမျိုးမျိုးနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ငွေစက္ကူ(၇) ရွက်ကြောင့် ဘယ်လိုမျိုး အပြောင်းအလဲတွေ၊ အသက်နဲ့ရင်းရတဲ့ အလောင်းအထပ်တွေ ဖြစ်ခဲ့ရလဲဆိုတာကို ပရိသတ်တွေက စိတ်ဝင်တစားနဲ့ စောင့်မျှော်ကြည့်ရှုနေရတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

“ငွေစက္ကူ(၇)ရွက်” ဇာတ်လမ်းတွဲထဲက ဝေနှင်းဖြူလို့ သိကြတဲ့ မင်းသမီးချော မြနှင်းရည်လွင်ကလည်း ထိုဇာတ်လမ်းတွဲနဲ့ တစ်နေ့တစ်ခြား အောင်မြင်မှုတွေ ရရှိနေတာပဲ ဖြစ်ပါတယ်။

Loading...

မနေ့က သြဂုတ်လ(၁၂) ရက်နေ့မှာတော့ သူမကိုချစ်ခင်အားပေးကြတဲ့ အမာခံပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံတဲ့ Fan Meeting လေး ကျင်းပခဲ့ပါတယ်။

မိုမိုလေးပရိသတ်တွေအတွက် မြနှင်းရည်လွင်ရဲ့ Fan Meeting ပွဲမှ ပုံရိပ်တွေကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

မြနှင်းရည်လွင်ကတော့ သူမရဲ့ ပြောင်မြောက်လှတဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိနေယနပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြနှင်းရည်လွင်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Credit.momolay

Flower
Loading...

Written by 

Leave a Reply

Your email address will not be published. Required fields are marked *