နိုင်ငံပေါင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ အမြင့်မားဆုံးရွှေတံဆိပ်နှစ်ခုကို ဆွတ်ခူးရရှိခဲ့တဲ့ မြန်မာနိုင်ငံမှ သားတို့အမွှာညီအစ်ကို

ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့ ရှိ အိုကီယမ်စင်တာတွင် ပြုလုပ်သည့် “လူငယ်ပွဲတော် (Children of the World 2019)” သို့ (Private Teachers Association နှင့် ပူးပေါင်း၍) တက်ရောက်ယှဉ်ပြိုင်ခဲ့သည့် အဖွဲ့အနက် မြန်မာလူငယ်အဖွဲ့သည် Live, Create & Dream ဟုအမည်ပေးထားသော အနုပညာပြိုင်ပွဲတွင် အဆို၊ အက ၊ အတီးကဏ္ဍ သုံးခုအတွက် ဆုများရွေးချယ်ခဲ့ရာ အက နှင့်အတီး ကဏ္ဍတို့တွင် မြန်မာနိုင်ငံမှ သားတို့အမွှာ ညီအစ်ကိုနှစ်ယောက်မှ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါသည်။

သားတို့အမွှာ ညီအစ်ကိုနှစ်ယောက်သည် မြန်မာ့အကနှင့် အနုပညာကို မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ခုလိုနိုင်ငံတကာပွဲတွေမှာလည်း ယှဉ်ပြိုင်နိုင်ခဲ့တာ လေးစားစရာပါ။

Loading...

မြန်မာလူငယ်များအနေနဲ့ ခေတ်ပေါ်တေးဂီတနှင့် နိုင်ငံခြားအကပညာများကိုသာ ဦးစားပေး၍သင်ကြားနေချိန် ယခုကဲ့သို့ မြန်မာ့သုခုမ အကကို ထူးချွန်စွာသင်ကြားပြီး မြန်မာကိုကမ္ဘာကသိအောင် ပြုလုပ်နိုင်ခဲ့သည့် လူငယ်များအတွက် ထိုက်တန်တဲ့ဆုကို ချီးမြင့်ခံရတာပဲဖြစ်ပါတယ်။

သားတို့အမွှာဖြစ်တဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ အကအလှပညာတွေကို မြန်မာနိုင်ငံမှာလည်း စဉ်ဆက်မပြတ် တင်ဆက်နိုင်ပြီး ထင်ပေါ်တဲ့လူငယ်များတအွက် အခွင့်အလမ်းများစွာ ပေါ်လာစေဖို့ ဆုတောင်းမိပါတယ်။

Writer – SHN (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source : မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *