“ျမန္မာႏိုင္ငံေပ်ာက္ကြယ္သြားႏိုင္တယ္လို႔ေဒါက္တာသန္႔ျမင့္ဦးေျပာဆို

ျမန္မာနိုင္ငံ အေနနဲ႔ အင္တန္မွ အႏၲရာယ္မ်ားၿပီး ေသခ်ာေရရာမႈ မရွိလွတဲ့ အနာဂတ္လမ္းေၾကာင္းေပၚကို ယခုအခ်ိန္ကတည္းက

ေရာက္ရွိေနၿပီျဖစ္တယ္လို႔ သမိုင္းပညာရွင္ ေဒါက္တာ သန႔္ျမင့္ဦးက သတိေပးလိုက္ပါတယ္။

မူဝါဒေရးရာမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕ကေန ဦးေဆာင္ျပဳလုပ္တဲ့ ေယာမင္းႀကီးဇရပ္ စကားဝိုင္း ေဆြးေႏြးပြဲအတြက္ သူရဲ႕

ေဆြးေႏြးေျပာဆိုခ်က္မွာ အခုလို သတိေပးလိုက္တာ ျဖစ္ပါတယ္။

Loading...

#အတိတ္မွာစြဲလမ္းေနသူမ်ား

သဘာဝပတ္ဝန္းက်င္ သယံဇာတကို အလြန္အမင္းအားထားေနမႈနဲ႕ ပတ္ဝန္းက်င္နိုင္ငံက ႀကီးထြားလာမႈ ၊ ျပည္တြင္းမွာ

ပဋိပကၡေတြရွိေနမႈ ၊ ဆင္းရဲခ်မ္းသာ ကြာဟမႈ ၊ ကမာၻလုံးဆိုင္ရာ အေျပာင္းအလဲေတြအေပၚ ရင္ဆိုင္ဖို႔အတြက္လံုေလာက္တဲ့

ျပင္ဆင္မႈေတြျမန္မာမွာ အဆင္သင့္ရွိမေနမႈ တို႔အေပၚ သူက အေျချပဳ ေထာက္ျပခဲ့တာလည္း ျဖစ္ပါတယ္။

ျမန္မာေတြအဖို႔ အတိတ္က ယုံမွတ္မွားခ်က္ေတြနဲ႕ ႂကြယ္၀ ခ်မ္းသာမႈ ၊ အတိတ္က မိမိဘာသာ ဖူလုံမႈ သုံးမကုန္တဲ့ သယံဇာ

တေတြဆိုတဲ့ ကိစၥေတြအေပၚ စြဲလမ္းေနတာကို ေက်ာ္လြန္သင့္ေနၿပီျဖစ္ပါတယ္ လို႔ ေဒါက္တာ သန႔္ျမင့္ဦးက ေျပာပါတယ္။

#အနာဂတ္အတြက္ျပင္ဆင္ရမည္

ရာသီဥတုေဖာက္ျပန္ေျပာင္းလဲရင္ လူေတြဘယ္မွာေနၾကမလဲ ?၊ တ႐ုတ္က

အကုန္လႊမ္းမိုးသြားမလား?၊ ထိုင္းနိုင္ငံလို ၿမိဳ႕ႀကီးေတြျဖစ္လာမလား? ၊ ၿမိဳ႕ငယ္႐ြာငယ္ေလးေတြ ဆက္က်န္ဦးမွာလား ?

လို႔ အနာဂတ္ကာလအတြက္ ဘယ္လိုျပင္ဆင္ထားၾကသလဲ? ဆိုတာကို သူက ေမးခြန္းထုတ္ပါတယ္။

ဥပမာအားျဖင့္…. အေရအတြက္ေထာင္ခ်ီတဲ့ စီးပြားေရး လုပ္ငန္းအေသးစားေတြကတဆင့္ သန္းနဲ႕ခ်ီတဲ့ တ႐ုတ္နိုင္ငံသားေတြနဲ႕

အျခားနိုင္ငံသားခရီးသြား ဧည့္သည္ေတြကို ဧည့္ခံေနတဲ့ မႏၲေလးဟာ ….. လူနည္းစုက ထိန္းခ်ဳပ္ထားတဲ့ စက္မႈလုပ္ငန္း

အနည္းငယ္နဲ႕ ယူနန္ကို ျပည္ပ ပို႔ကုန္ေတြတင္ပို႔ဖို႔စိတ္ကူးယဥ္ေနတဲ့ မႏၲေလးၿမိဳ႕ ႏွိုင္းယွဥ္ရင္ လုံး၀ ကြဲျပားေနတာ ေတြ႕ရမွာပါလို႔

ေဒါက္တာ သန႔္ျမင့္ဦးက ေျပာပါတယ္။

#တ႐ုတ္ကိုဘယ္လိုရင္ဆိုင္မလဲ

၂၀၁၁ က စခဲ့တဲ့ ကူးေျပာင္းေရးကာလ ေနာက္ပိုင္း အထူးသျဖင့္၂၀၁၅ခုႏွစ္ ေနာက္ပိုင္းႏွစ္ေတြအတြင္း နိုင္ငံတကာဆက္ဆံေရးမွာ

အေနာက္ႏိုင္ငံေတြ၊ ေဒသတြင္းႏိုင္ငံေတြနဲ႔ဆက္ဆံေရး ပ်က္ျပားကုန္ၿပီးတ႐ုတ္လိုနိုင္ငံကိုသာ အားထားရမယ့္အေျခအေနေတြ

ျဖစ္ေနမႈ ေၾကာင့္ တ႐ုတ္ရဲ႕မဟာဗ်ဴဟာ စီမံခ်က္ေတြအေပၚ ျမန္မာအစိုးရရဲ႕သံုးသပ္ ျပင္ဆင္နိုင္မႈေတြကို ေဆြးေႏြးပြဲ

တက္ေရာက္လာတဲ့ ေလ့လာသူေတြကေတာ့ သံသယေတြနဲ႕ ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

လတ္တေလာအတြင္းမွာပဲ ျမန္မာအစိုးရ တာဝန္ရွိသူေတြ ထံကေနတ႐ုတ္ႏိုင္ငံက… တ႐ုတ္ျမန္မာ စီးပြားေရး လမ္း မမွာ

အဓိက လမ္းေၾကာင္းျဖစ္တဲ့ ကူမင္း- မႏၲေလး ရထားလမ္းစီမံကိန္းအတြက္ သေဘာတူညီမႈကို မၾကာခင္ရယူနိုင္ေတာ့မယ္ဆိုၿပီး

နိုင္ငံတကာ မီဒီယာအခ်ိဳ႕မွာ ေျပာဆိုထားတာပါတယ္။

#ပြင့္လင္းျမင္သာမႈမ႐ွိတဲ့စီမံကိန္းေတြ

ေဟာင္ေကာင္တကၠသိုလ္မွာ နိုင္ငံေရးနဲ႕ လူထုေရးရာစီမံခန႔္ခြဲမႈ ဘာသာရပ္နဲ႕ ျမန္မာ့အေရးကို ဆက္စပ္ေနတဲ့ ပါရဘြဲ႕ေက်ာင္းသူ

ဒက္ဘီခ်န္းကေတာ့ အေမရိကန္ ေဒၚလာ ဘီလီယံ ၂၀ ေလာက္ ကုန္က်မဲ့ စီမံကိန္းရဲ႕ အေပၚ ေမးခြန္းထုတ္ ေျပာဆိုပါတယ္။

အခုလို မႏၲေလး ကူမင္းရထားလမ္းစတင္ေတာ့မယ္ဆိုတာ ကူမင္းေက်ာက္ျဖဴရထားလမ္းရဲ႕ အစိတ္အပိုင္းျဖစ္တယ္လို႔

ယုံၾကည္ပါတယ္။ အႀကီးမားဆုံး စိန္ေခၚမႈကေတာ့ ကုန္က်ေငြ အနည္းဆုံး ေဒၚလာဘီလီယံ ၂၀ ေလာက္ရွိမဲ့ စီမံကိန္းအတြက္

ဘယ္လို အတိုးႏႈန္းေတြ ေပးဆပ္ရမလဲဆိုတဲ့ ကိစၥေတြပါပဲ။ အဲဒီကိစၥေတြအတြက္ သတင္းအခ်က္အလက္ ရရွိနိုင္မႈကလည္း

မရွိသေလာက္ နည္းပါးလွသလို ပြင့္လင္းျမင္သာမႈအတြက္လည္း ေမးခြန္းထုတ္စရာျဖစ္ေနတယ္လို႔ ဒက္ဘီခ်န္းက ေထာက္ျပပါတယ္။

#ျပည္သူေတြအတြက္စဥ္းစားရဲ႕လား

ေက်ာက္ျဖဴ- ကူမင္းရထားလမ္းက ယခင္အစိုးရလက္ထက္က လူထုကန႔္ကြက္မႈေတြ ရွိလို႔ စီမံကိန္း ရပ္ထားခဲ့တာလည္း ျဖစ္ပါတယ္။

စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈေတြအတြက္ ရည္႐ြယ္တယ္ဆိုေပမယ့္လည္း ျပည္သူအမ်ားစုအတြက္ တကယ္အက်ိဳးျဖစ္ပါ့မလားဆိုတာ

ထည့္သြင္းစဥ္းစားဖို႔ လိုပါတယ္။လူထုကန႔္ကြက္လို႔ ရပ္ထားတဲ့ စီမံကိန္းကို သေဘာဆႏၵမရယူဘဲ ျပန္လုပ္မယ္ ေျပာလာတာဟာ

မဲေပးခဲ့တဲ့ ျပည္သူေတြအတြက္ထည့္သြင္း စဥ္းစားရဲ႕လားဆိုတာ ေမးစရာျဖစ္လာတယ္လို႔ ဒက္ဘီခ်န္းက ဆိုပါတယ္။

#ဆင္းရဲခ်မ္းသာကြာဟတဲ့အတိုင္းသြားမလား

ကမာၻလုံးဆိုင္ရာေျပာင္းလဲမႈေတြနဲ႕ အေျပာင္းအလဲေတြအတြက္ အဆင္သင့္ရင္ဆိုင္ဖို႔ ျမန္မာက ဘယ္ေနရာမွာမွ ရွိမေနပါဘူးလို႔

လည္း ေဒါက္တာ သန႔္ျမင့္ဦးက ေျပာပါတယ္။ေဒါက္တာ သန႔္ျမင့္ဦးကေတာ့ ျမန္မာအေနနဲ႕ စီးပြားေရးအရ တန္းတူညီမွ်မႈကို

ဦးစားေပးမလားဒါမွမဟုတ္ ….. အခုပံုစံဆင္းရဲခ်မ္းသာ အႀကီးအက်ယ္ကြဟေနတဲ့အတိုင္း လက္ခံေနထိုင္ၾကမွာလားဆိုတဲ့အခ်က္က

မျဖစ္မေနစဥ္းစားရမယ့္အခ်က္လို႔ ဆိုပါတယ္။

#ေ႐ွးျမန္မာေတြမွာအိုင္ဒီယာ႐ွိခဲ့တယ္

လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၀၀၀ ေလာက္က ျမန္မာေတြရဲ႕ လယ္သမားေတြက စုေပါင္းၿပီး ပထမဆုံးၿမိဳ႕ျပနိုင္ငံေတြ ထူေထာင္ခဲ့ၾကသလို

ပိုက်ယ္ျပန႔္တဲ့ ကမာၻနဲ႕ ဆက္သြယ္ခဲ့ၾကတဲ့အတြက္ ဘာသာ ၊ အစိုးရစနစ္ ၊ အႏုပညာ ၊ သိပၸံနဲ႕ ပတ္သက္တဲ့ အိုင္ဒီယာေတြကို

တင္သြင္းလာနိုင္ခဲ့ၿပီး လူအဖြဲ႕အစည္း ဖြံ႕ၿဖိဳးေစခဲ့ကာ ေနာက္ႏွစ္ ၁၀၀၀ ေလာက္အၾကာမွာ ပုဂံလို အလယ္ေခတ္သမိုင္းမွာ

အထင္ႀကီး ခန႔္ညားဖြယ္ မင္းနိုင္ငံ ေပၚေပါက္လာခဲ့တယ္လို႔ သူက ႏွိုင္းယွဥ္ျပခဲ့ပါတယ္။

#ႏိုင္ငံပါေပ်ာက္ကြယ္သြားႏိုင္တယ္

+++++++++++++++++++++++++

ေရွးအတိတ္ ေၾကးေခတ္ ႏွစ္ေထာင္ခ်ီ ၾကာၿပီျဖစ္တဲ့ ပုဂံေခတ္တုန္းကျမန္မာေတြ လို ေတြေဝဆိုင္းငံ့မေနဘဲ ျပင္ပ ဗဟုသုေတြကိုသံုး

သပ္ၿပီး ပိုၿပီးႀကီးက်ယ္စြာ၊ ဖန္တီးမႈရွိစြာေတြးေခၚၾကဖို႔လိုၿပီး ဒီလိုမွမဟုတ္ရင္ေတာ့ နိုင္ငံက ေပ်ာက္ကြယ္ေကာင္း ေပ်ာက္ကြယ္သြား

နိုင္တယ္လို႔ ေဒါက္တာ သန႔္ျမင့္ဦးက သတိေပးပါတယ္။သဘာဝပတ္ဝန္းက်င္ သယံဇာတအေပၚမွာပဲ မွီခိုေနမႈ ၊ တ႐ုတ္ရဲ႕

ႀကီးထြားလာမႈအေပၚ ဘာေတြျပင္ဆင္ထားသလဲ စတဲ့ အခ်က္ေတြကို သူ႕ရဲ႕ ေထာက္ျပမႈက ေဆြးေႏြးသူေတြအတြက္ပါမက

အျခား ပြဲလာတက္သူေတြအတြက္ပါ ထည့္သြင္းစဥ္းစားစရာေတြ ျဖစ္ေစခဲ့တယ္။
< Unicode Version >

မြန်မာနိုင်ငံ အနေနဲ့ အင်တန်မှ အန္တရာယ်များပြီး သေချာရေရာမှု မရှိလှတဲ့ အနာဂတ်လမ်းကြောင်းပေါ်ကို ယခုအချိန်ကတည်းက

ရောက်ရှိနေပြီဖြစ်တယ်လို့ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက သတိပေးလိုက်ပါတယ်။

မူဝါဒရေးရာမဟာဗျူဟာ လေ့လာရေးအဖွဲ့ကနေ ဦးဆောင်ပြုလုပ်တဲ့ ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲအတွက် သူရဲ့

ဆွေးနွေးပြောဆိုချက်မှာ အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

#အတိတ်မှာစွဲလမ်းနေသူများ

++++++++++++++++++++++++

သဘာဝပတ်ဝန်းကျင် သယံဇာတကို အလွန်အမင်းအားထားနေမှုနဲ့ ပတ်ဝန်းကျင်နိုင်ငံက ကြီးထွားလာမှု ၊ ပြည်တွင်းမှာ

ပဋိပက္ခတွေရှိနေမှု ၊ ဆင်းရဲချမ်းသာ ကွာဟမှု ၊ ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲတွေအပေါ် ရင်ဆိုင်ဖို့အတွက်လုံလောက်တဲ့

ပြင်ဆင်မှုတွေမြန်မာမှာ အဆင်သင့်ရှိမနေမှု တို့အပေါ် သူက အခြေပြု ထောက်ပြခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာတွေအဖို့ အတိတ်က ယုံမှတ်မှားချက်တွေနဲ့ ကြွယ်ဝ ချမ်းသာမှု ၊ အတိတ်က မိမိဘာသာ ဖူလုံမှု သုံးမကုန်တဲ့ သယံဇာ

တတွေဆိုတဲ့ ကိစ္စတွေအပေါ် စွဲလမ်းနေတာကို ကျော်လွန်သင့်နေပြီဖြစ်ပါတယ် လို့ ဒေါက်တာ သန့်မြင့်ဦးက ပြောပါတယ်။

#အနာဂတ်အတွက်ပြင်ဆင်ရမည်

ရာသီဥတုဖောက်ပြန်ပြောင်းလဲရင် လူတွေဘယ်မှာနေကြမလဲ ?၊ တရုတ်က

အကုန်လွှမ်းမိုးသွားမလား?၊ ထိုင်းနိုင်ငံလို မြို့ကြီးတွေဖြစ်လာမလား? ၊ မြို့ငယ်ရွာငယ်လေးတွေ ဆက်ကျန်ဦးမှာလား ?

လို့ အနာဂတ်ကာလအတွက် ဘယ်လိုပြင်ဆင်ထားကြသလဲ? ဆိုတာကို သူက မေးခွန်းထုတ်ပါတယ်။

ဥပမာအားဖြင့်…. အရေအတွက်ထောင်ချီတဲ့ စီးပွားရေး လုပ်ငန်းအသေးစားတွေကတဆင့် သန်းနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေနဲ့

အခြားနိုင်ငံသားခရီးသွား ဧည့်သည်တွေကို ဧည့်ခံနေတဲ့ မန္တလေးဟာ ….. လူနည်းစုက ထိန်းချုပ်ထားတဲ့ စက်မှုလုပ်ငန်း

အနည်းငယ်နဲ့ ယူနန်ကို ပြည်ပ ပို့ကုန်တွေတင်ပို့ဖို့စိတ်ကူးယဉ်နေတဲ့ မန္တလေးမြို့ နှိုင်းယှဉ်ရင် လုံးဝ ကွဲပြားနေတာ တွေ့ရမှာပါလို့

ဒေါက်တာ သန့်မြင့်ဦးက ပြောပါတယ်။

#တရုတ်ကိုဘယ်လိုရင်ဆိုင်မလဲ

၂၀၁၁ က စခဲ့တဲ့ ကူးပြောင်းရေးကာလ နောက်ပိုင်း အထူးသဖြင့်၂၀၁၅ခုနှစ် နောက်ပိုင်းနှစ်တွေအတွင်း နိုင်ငံတကာဆက်ဆံရေးမှာ

အနောက်နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ဆက်ဆံရေး ပျက်ပြားကုန်ပြီးတရုတ်လိုနိုင်ငံကိုသာ အားထားရမယ့်အခြေအနေတွေ

ဖြစ်နေမှု ကြောင့် တရုတ်ရဲ့မဟာဗျူဟာ စီမံချက်တွေအပေါ် မြန်မာအစိုးရရဲ့သုံးသပ် ပြင်ဆင်နိုင်မှုတွေကို ဆွေးနွေးပွဲ

တက်ရောက်လာတဲ့ လေ့လာသူတွေကတော့ သံသယတွေနဲ့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

လတ်တလောအတွင်းမှာပဲ မြန်မာအစိုးရ တာဝန်ရှိသူတွေ ထံကနေတရုတ်နိုင်ငံက… တရုတ်မြန်မာ စီးပွားရေး လမ်း မမှာ

အဓိက လမ်းကြောင်းဖြစ်တဲ့ ကူမင်း- မန္တလေး ရထားလမ်းစီမံကိန်းအတွက် သဘောတူညီမှုကို မကြာခင်ရယူနိုင်တော့မယ်ဆိုပြီး

နိုင်ငံတကာ မီဒီယာအချို့မှာ ပြောဆိုထားတာပါတယ်။

#ပွင့်လင်းမြင်သာမှုမရှိတဲ့စီမံကိန်းတွေ

ဟောင်ကောင်တက္ကသိုလ်မှာ နိုင်ငံရေးနဲ့ လူထုရေးရာစီမံခန့်ခွဲမှု ဘာသာရပ်နဲ့ မြန်မာ့အရေးကို ဆက်စပ်နေတဲ့ ပါရဘွဲ့ကျောင်းသူ

ဒက်ဘီချန်းကတော့ အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀ လောက် ကုန်ကျမဲ့ စီမံကိန်းရဲ့ အပေါ် မေးခွန်းထုတ် ပြောဆိုပါတယ်။

အခုလို မန္တလေး ကူမင်းရထားလမ်းစတင်တော့မယ်ဆိုတာ ကူမင်းကျောက်ဖြူရထားလမ်းရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့

ယုံကြည်ပါတယ်။ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ကုန်ကျငွေ အနည်းဆုံး ဒေါ်လာဘီလီယံ ၂၀ လောက်ရှိမဲ့ စီမံကိန်းအတွက်

ဘယ်လို အတိုးနှုန်းတွေ ပေးဆပ်ရမလဲဆိုတဲ့ ကိစ္စတွေပါပဲ။ အဲဒီကိစ္စတွေအတွက် သတင်းအချက်အလက် ရရှိနိုင်မှုကလည်း

မရှိသလောက် နည်းပါးလှသလို ပွင့်လင်းမြင်သာမှုအတွက်လည်း မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဒက်ဘီချန်းက ထောက်ပြပါတယ်။

#ပြည်သူတွေအတွက်စဉ်းစားရဲ့လား

ကျောက်ဖြူ- ကူမင်းရထားလမ်းက ယခင်အစိုးရလက်ထက်က လူထုကန့်ကွက်မှုတွေ ရှိလို့ စီမံကိန်း ရပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ရည်ရွယ်တယ်ဆိုပေမယ့်လည်း ပြည်သူအများစုအတွက် တကယ်အကျိုးဖြစ်ပါ့မလားဆိုတာ

ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။လူထုကန့်ကွက်လို့ ရပ်ထားတဲ့ စီမံကိန်းကို သဘောဆန္ဒမရယူဘဲ ပြန်လုပ်မယ် ပြောလာတာဟာ

မဲပေးခဲ့တဲ့ ပြည်သူတွေအတွက်ထည့်သွင်း စဉ်းစားရဲ့လားဆိုတာ မေးစရာဖြစ်လာတယ်လို့ ဒက်ဘီချန်းက ဆိုပါတယ်။

#ဆင်းရဲချမ်းသာကွာဟတဲ့အတိုင်းသွားမလား

ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုတွေနဲ့ အပြောင်းအလဲတွေအတွက် အဆင်သင့်ရင်ဆိုင်ဖို့ မြန်မာက ဘယ်နေရာမှာမှ ရှိမနေပါဘူးလို့

လည်း ဒေါက်တာ သန့်မြင့်ဦးက ပြောပါတယ်။ဒေါက်တာ သန့်မြင့်ဦးကတော့ မြန်မာအနေနဲ့ စီးပွားရေးအရ တန်းတူညီမျှမှုကို

ဦးစားပေးမလားဒါမှမဟုတ် ….. အခုပုံစံဆင်းရဲချမ်းသာ အကြီးအကျယ်ကွဟနေတဲ့အတိုင်း လက်ခံနေထိုင်ကြမှာလားဆိုတဲ့အချက်က

မဖြစ်မနေစဉ်းစားရမယ့်အချက်လို့ ဆိုပါတယ်။

#ရှေးမြန်မာတွေမှာအိုင်ဒီယာရှိခဲ့တယ်

++++++++++++++++++++++++++

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ လောက်က မြန်မာတွေရဲ့ လယ်သမားတွေက စုပေါင်းပြီး ပထမဆုံးမြို့ပြနိုင်ငံတွေ ထူထောင်ခဲ့ကြသလို

ပိုကျယ်ပြန့်တဲ့ ကမ္ဘာနဲ့ ဆက်သွယ်ခဲ့ကြတဲ့အတွက် ဘာသာ ၊ အစိုးရစနစ် ၊ အနုပညာ ၊ သိပ္ပံနဲ့ ပတ်သက်တဲ့ အိုင်ဒီယာတွေကို

တင်သွင်းလာနိုင်ခဲ့ပြီး လူအဖွဲ့အစည်း ဖွံ့ဖြိုးစေခဲ့ကာ နောက်နှစ် ၁၀၀၀ လောက်အကြာမှာ ပုဂံလို အလယ်ခေတ်သမိုင်းမှာ

အထင်ကြီး ခန့်ညားဖွယ် မင်းနိုင်ငံ ပေါ်ပေါက်လာခဲ့တယ်လို့ သူက နှိုင်းယှဉ်ပြခဲ့ပါတယ်။

#နိုင်ငံပါပျောက်ကွယ်သွားနိုင်တယ်

ရှေးအတိတ် ကြေးခေတ် နှစ်ထောင်ချီ ကြာပြီဖြစ်တဲ့ ပုဂံခေတ်တုန်းကမြန်မာတွေ လို တွေဝေဆိုင်းငံ့မနေဘဲ ပြင်ပ ဗဟုသုတွေကိုသုံး

သပ်ပြီး ပိုပြီးကြီးကျယ်စွာ၊ ဖန်တီးမှုရှိစွာတွေးခေါ်ကြဖို့လိုပြီး ဒီလိုမှမဟုတ်ရင်တော့ နိုင်ငံက ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွား

နိုင်တယ်လို့ ဒေါက်တာ သန့်မြင့်ဦးက သတိပေးပါတယ်။သဘာဝပတ်ဝန်းကျင် သယံဇာတအပေါ်မှာပဲ မှီခိုနေမှု ၊ တရုတ်ရဲ့

ကြီးထွားလာမှုအပေါ် ဘာတွေပြင်ဆင်ထားသလဲ စတဲ့ အချက်တွေကို သူ့ရဲ့ ထောက်ပြမှုက ဆွေးနွေးသူတွေအတွက်ပါမက

အခြား ပွဲလာတက်သူတွေအတွက်ပါ ထည့်သွင်းစဉ်းစားစရာတွေ ဖြစ်စေခဲ့တယ်။

ဒေါက်တာသန့်မြင့်ဦး ဆွေးနွေးချက် ဖတ်ရှုရန် –
Credit:mmbookcity

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *