ဖုန္းကိုင္ခြင့္မ႐ွိ အျပင္ထြက္ခြင့္မ႐ွိေသာ ျမန္​မာႏို္​ငံရဲ႕အႀကီးမားဆံုးသီလ႐ွင္​စာသင္​တိုက္

Zawgyi

စစ္​ကိုင္​း သက် ဓီတာ(ဗုဒၶသမီး​ေတာ္​မ်ား)စာသင္​တိုက္​ျဖစ္​ပါတယ္​၊ စည္​းကမ္​းအရမ္​းႀကီးတယ္​လို႔ နာမည္​ႀကီးပါတယ္​။
စာသင္​သူသီလ႐ွင္​(သိကၡာ႐ွင္​​)​ေပါင္​း အပါး( ၂၅၀) ​ေက်ာ္​႐ွိတယ္​။ ဖုန္းကိုင္​ခြင္​့မ႐ွိဘူး။အျပင္​ထြက္​ခြင္​့ မ႐ွိဘူး…။

တိုက္​ထဲမွာ ဓမၼာစရိယ ဘြဲ႔ရ​ေတြ အမ်ားႀကီးပါပဲ။ ဝိနယဝိဒူ ​ေတြလည္​း႐ွိတယ္​ ပါဠိပါရဂူနဲ႔ လကၤာရ​ေတြလည္​း ႐ွိတယ္​။ ​ေအာက္​ပါ ပံုမ်ားက​ေတာ့ စာခ်ဆရာႀကီးမွပါဠိသဒၵါ ပို႔ခ်​ေနပံုပါ။

Loading...

မိန္​းက​ေလး​ေတြလည္​း ရဟန္​း​ေတာ္​​ေတြလိုခက္​ခဲနက္​နဲတဲ့ဗုဒၶစာ​ေပ​ေတြကို သင္​​ေနၾကတာ အမ်ားႀကီး ႐ွိ​ေသးပါလားလို႔ အံ့ၾသ မိပါတယ္​။

(ေအာက္​က ကဗ်ာ​ေလးဖတ္​ၿပီးမ်က္​ရည္​ဝဲမိပါတယ္​)

“မိန္​းက​ေလးပဲ​ေလ…..”

-မိန္းကေလးပဲေလ…-လွခ်င္ရက္ စက္စက္ယို၊-ကပိုက႐ို ကႏြဲ႔ကလ်ေနခ်င္ေပမယ့္၊-ရခဲတဲ့ဘဝကို အလွနဲ႔မတည္ေဆာက္၊-ဓမၼနဲ႔ ေလွ်ာက္ခ့ဲၾကသူေတြေပါ့။

-မိန္းကေလးပဲေလ…-ေပ်ာ္ေပ်ာ္ပါးပါး ေက်ာ့ေက်ာ့ေမာ့ေမာ့၊-ၿဖီးလိမ္းပန္းပန္ ေခတ္ပ်ိဳေမေတြလို-လန္းခ်င္ေပမယ့္၊-စိန္နားကပ္ႀကီး နားမွာပန္၊-ေရႊေငြကားအျခံအရံေတြနဲ႔ မေမာ္ဘဲ၊-ဣေျႏၵတရားနဲ႔ ေပ်ာ္ခ့ဲၾကသူေတြေပါ့။

-မိန္းကေလးပဲေလ…-ခ်စ္သူရင္ခြင္ ခိုဝင္ယုယ၊-အၾကင္နာေဝငွ သမုဒယနဲ႔ေနခ်င္ေပမယ့္၊-အႏုသယ နီဝရဏတရားေတြကိုပယ္၊-ေဗာဇၩင္ပြား မဂၢသစၥာနဲ႔ ဘုရားတည္ၾကသူ-ေတြေပါ့။

-မိန္းမျမတ္တို႔ရဲ႕ သိကၡာတရား၊-ဆံေကသာနဲ႔ သနပ္ခါးကို ပယ္၊-လမ္းတကာအလယ္ ဆြမ္းဆန္ရပ္၊-လူတကာရဲ႕ပါးစပ္က ကဲ့ရဲ႕သံေတြျဖတ္ရင္း၊-ျမတ္ဗုဒၶ သာသနာ့လမ္းစဥ္ကို ရႈ၊-က်င့္ႀကံအားထုတ္ရင္း သာသနာျပဳၾကသူ-ေတြေပါ့။

-ရဟန္းေတာ္ သာမေဏေတြနဲ႔မျခား၊-မိန္းမျမတ္တို႔ရဲ႕ စံျပႏွလုံးသားမွာ၊-ပရိယတၱိ ပဋိပတိၱ ပဋိေဝဓ ပရဟိတ၊-စြမ္းႏိုင္သမ်ွ သာသနာျပဳဂုဏ္ေဆာင္ၾကေပါ့။

-သူတို႔သူတို႔ သူတို႔သည္၊-သာသနာ့အႏြယ္ေတာ္ဝင္ သီလရွင္တဲ့၊-ဘုရားရွင္ခ်မွတ္ခ့ဲတဲ့ သူေတာ္စင္လမ္း၊-အေပ်ာ္ေတြစြန္႔ၿပီး ထမ္းရြက္ခဲ့ၾက၊-ဘယ္အခ်ိန္ၾကည့္ၾကည့္ မႏြမ္းလ်တယ္၊-“မဟာေတာ္ဝင္ ပန္းအလွ” ေတြပဲေပါ့။

သက်ဓီတာ သီလရွင္ စာသင္တိုက္၊နန္းဦးၿမိဳ႕သစ္၊ စစ္ကိုင္းၿမိဳ႕

Ph -092130606၊ 09792130606၊ 09791119777

သုခိန္(ဗုဒၶတကၠသိုလ္)

Unicode ျဖင့္ဖတ္ရန္

စစ်​ကိုင်​း သကျ ဓီတာ(ဗုဒ္ဓသမီး​တော်​များ)စာသင်​တိုက်​ဖြစ်​ပါတယ်​၊ စည်​းကမ်​းအရမ်​းကြီးတယ်​လို့ နာမည်​ကြီးပါတယ်​။
စာသင်​သူသီလရှင်​(သိက္ခာရှင်​​)​ပေါင်​း အပါး( ၂၅၀) ​ကျော်​ရှိတယ်​။ ဖုန်းကိုင်​ခွင်​့မရှိဘူး။အပြင်​ထွက်​ခွင်​့ မရှိဘူး…။

တိုက်​ထဲမှာ ဓမ္မာစရိယ ဘွဲ့ရ​တွေ အများကြီးပါပဲ။ ဝိနယဝိဒူ ​တွေလည်​းရှိတယ်​ ပါဠိပါရဂူနဲ့ လင်္ကာရ​တွေလည်​း ရှိတယ်​။ ​အောက်​ပါ ပုံများက​တော့ စာချဆရာကြီးမှပါဠိသဒ္ဒါ ပို့ချ​နေပုံပါ။

မိန်​းက​လေး​တွေလည်​း ရဟန်​း​တော်​​တွေလိုခက်​ခဲနက်​နဲတဲ့ဗုဒ္ဓစာ​ပေ​တွေကို သင်​​နေကြတာ အများကြီး ရှိ​သေးပါလားလို့ အံ့သြ မိပါတယ်​။

(အောက်​က ကဗျာ​လေးဖတ်​ပြီးမျက်​ရည်​ဝဲမိပါတယ်​)

“မိန်​းက​လေးပဲ​လေ…..”

-မိန်းကလေးပဲလေ…-လှချင်ရက် စက်စက်ယို၊-ကပိုကရို ကနွဲ့ကလျနေချင်ပေမယ့်၊-ရခဲတဲ့ဘဝကို အလှနဲ့မတည်ဆောက်၊-ဓမ္မနဲ့ လျှောက်ခဲ့ကြသူတွေပေါ့။

-မိန်းကလေးပဲလေ…-ပျော်ပျော်ပါးပါး ကျော့ကျော့မော့မော့၊-ဖြီးလိမ်းပန်းပန် ခေတ်ပျိုမေတွေလို-လန်းချင်ပေမယ့်၊-စိန်နားကပ်ကြီး နားမှာပန်၊-ရွှေငွေကားအခြံအရံတွေနဲ့ မမော်ဘဲ၊-ဣန္ဒြေတရားနဲ့ ပျော်ခဲ့ကြသူတွေပေါ့။

-မိန်းကလေးပဲလေ…-ချစ်သူရင်ခွင် ခိုဝင်ယုယ၊-အကြင်နာဝေငှ သမုဒယနဲ့နေချင်ပေမယ့်၊-အနုသယ နီဝရဏတရားတွေကိုပယ်၊-ဗောဇ္ဈင်ပွား မဂ္ဂသစ္စာနဲ့ ဘုရားတည်ကြသူ-တွေပေါ့။

-မိန်းမမြတ်တို့ရဲ့ သိက္ခာတရား၊-ဆံကေသာနဲ့ သနပ်ခါးကို ပယ်၊-လမ်းတကာအလယ် ဆွမ်းဆန်ရပ်၊-လူတကာရဲ့ပါးစပ်က ကဲ့ရဲ့သံတွေဖြတ်ရင်း၊-မြတ်ဗုဒ္ဓ သာသနာ့လမ်းစဉ်ကို ရှု၊-ကျင့်ကြံအားထုတ်ရင်း သာသနာပြုကြသူ-တွေပေါ့။

-ရဟန်းတော် သာမဏေတွေနဲ့မခြား၊-မိန်းမမြတ်တို့ရဲ့ စံပြနှလုံးသားမှာ၊-ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ ပရဟိတ၊-စွမ်းနိုင်သမျှ သာသနာပြုဂုဏ်ဆောင်ကြပေါ့။

-သူတို့သူတို့ သူတို့သည်၊-သာသနာ့အနွယ်တော်ဝင် သီလရှင်တဲ့၊-ဘုရားရှင်ချမှတ်ခဲ့တဲ့ သူတော်စင်လမ်း၊-အပျော်တွေစွန့်ပြီး ထမ်းရွက်ခဲ့ကြ၊-ဘယ်အချိန်ကြည့်ကြည့် မနွမ်းလျတယ်၊-“မဟာတော်ဝင် ပန်းအလှ” တွေပဲပေါ့။

သကျဓီတာ သီလရှင် စာသင်တိုက်၊နန်းဦးမြို့သစ်၊ စစ်ကိုင်းမြို့

Ph -092130606၊ 09792130606၊ 09791119777

သုခိန်(ဗုဒ္ဓတက္ကသိုလ်)

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *