ဆင္တုပ္ေကြးနဲ႔ ပတ္သက္လုိ႔ က်န္းမာေရးဌာနက ထုတ္ျပန္လိုက္တဲ့ ေဆာင္ရန္၊ေရွာင္ရန္ အခ်က္မ်ား

Zawgyi

ဆင္တုပ္ေကြးနဲ႔ ပတ္သက္လုိ႔ က်န္းမာေရးဌာနက ထုတ္ျပန္လိုက္တဲ့ ေဆာင္ရန္၊ေရွာင္ရန္ အခ်က္မ်ား

ဆင္တုပ္ေကြး ေရာဂါသည္ ဗုိင္းရပ္စ္ပုိးေၾကာင့္ ျဖစ္ပြားၿပီး ျခင္က်ားအကုိက္ခံရရာမွ တဆင့္ ကူးစက္ေသာ ေရာဂါတမ်ဳိး ျဖစ္ပါသည္။ အာရွ၊ အာဖရိက၊ ဥေရာပႏွင့္ အေမရိကတုိက္တုိ႔ရွိ ႏုိင္ငံေပါင္း (၆၀) ေက်ာ္ေတြင္ ျဖစ္ပြားပါသည္။ အာရွတုိက္၊ အာဖရိကတုိက္ႏွင့္ အိႏိၵယႏုိင္ငံတို႔တြင္ ျဖစ္ပြားမႈ အမ်ားဆံုး ျဖစ္ပါသည္။ ျခင္က်ားေပါက္ဖြားမႈ မ်ားျပားေသာ ေနရာမ်ားတြင္ ဆင္တုပ္ေကြးေရာဂါ ျဖစ္ပြားရန္ အခြင့္အလမ္း ပုိမုိ မ်ားျပားပါသည္။

Loading...

ဆင္တုပ္ေကြးရဲ႕ ေရာဂါလကၡဏာမ်ားမွာ ေခါင္းကိုက္ျခင္း၊ ကုိယ္အပူခ်ိန္တက္ျခင္း၊ ေမာပန္းအားနည္းျခင္း၊ အေရျပားေပၚတြင္ အနီကြက္မ်ား ထြက္ျခင္း၊ ၾကြက္သားမ်ား နာက်င္ျခင္း၊ အဆစ္အျမစ္မ်ား ေရာင္ရမ္းျခင္း၊ အဆစ္အျမစ္မ်ား ကုိက္ခဲျခင္း တုိ႔ ျဖစ္ပါတယ္။

ေရာဂါပုိးသယ္ေဆာင္သည့္ ျခင္က်ား အကိုက္ခံရၿပီး ေနာက္ (၃) ရက္မွ (၇) ရက္အတြင္း ေရာဂါလကၡဏာမ်ား စတင္ ျဖစ္ပြားေလ့ ရွိပါသည္။ ျဖစ္ေတာင့္ျဖစ္ခဲအေနျဖင့္ မ်က္စိ၊ အာရံုေၾကာ၊ ႏွလံုးတုိ႔ႏွင့္ ပတ္သက္ေသာ ေရာဂါ လကၡဏာမ်ားလည္း ခံစားရတတ္ပါသည္။ ဆင္တုပ္ေကြးေရာဂါ၏ လကၡဏာမ်ားသည္ အျခားျခင္က်ား အကိုက္ခံရရာမွ တဆင့္ ကူးစက္သည့္ ေရာဂါမ်ားျဖစ္ေသာ ေသြးလြန္တုပ္ေကြးေရာဂါႏွင့္ ဇီကာ ေရာဂါလကၡဏာမ်ားႏွင့္ ဆင္တူၿပီး မွားယြင္း ႏုိင္ပါသည္။

ေရာဂါျဖစ္ပြားသူ အမ်ားစုတြင္ ေရာဂါျပင္းထန္ေလ့ မရွိဘဲ ရက္သတၱပတ္ (၁) ပတ္ခန္႔အတြင္း ေရာဂါလကၡဏာ အားလံုး သက္သာေပ်ာက္ကင္းၾကေသာ္လည္း အခ်ဳိ႕တြင္ အဆစ္အျမစ္မ်ား နာက်င္ကုိက္ခဲျခင္းကုိ လႏွင့္ ခ်ီ၍ ခံစားရႏုိင္ပါသည္။ အသက္အရြယ္ႀကီးသူမ်ား၊ ေသြးတုိးေရာဂါ၊ ဆီးခ်ဳီေရာဂါႏွင့္ ႏွလံုးေရာဂါ အစရွိသည့္ နာတာရွည္ ေရာဂါ အခံရွိသူမ်ားတြင္ ေရာဂါ ျပင္းထန္ႏုိင္ပါသည္။

ဆင္တုပ္ေကြး ျဖစ္ပြားသည္ဟု သံသယရွိပါက ေဆးရံု၊ ေဆးခန္းႏွင့္ က်န္းမာေရးဌာနမ်ားတြင္ စနစ္တက် စမ္းသပ္စစ္ေဆး၍ ကုသမႈ ခံယူပါ။ ဆင္တုပ္ေကြး ေရာဂါလကၡဏာမ်ား သက္သာေစရန္အတြက္သာ ကုသမႈ ေပးႏုိင္ၿပီး သီးသန္႔ ကုထံုး မရွိေသးပါ။ ဆင္တုပ္ေကြး ေရာဂါလကၡဏာမ်ားသည္ ျမန္မာႏုိင္ငံတြင္ ျဖစ္ပြားမႈ မ်ားျပားေလ့ ရွိၿပီး ေရာဂါ ျပင္းထန္စြာ ခံစားရႏုိင္သည့္ ေသြးလြန္ တုပ္ေကြးေရာဂါႏွင့္ ဆင္တူသျဖင့္ ဂရုျပဳရန္ လုိအပ္ပါသည္။ ဆင္တုပ္ေကြး ေရာဂါ ျဖစ္ပြားသူမ်ား အေနျဖင့္ အျခားသူမ်ားထံသုိ႔ ကူးစက္ျပန္႔ပြားျခင္း မရွိေစရန္အတြက္ မိမိအား ျခင္ကုိက္ခံရမႈမွ ကာကြယ္ပါ။

ေရာဂါအတြက္ ကာကြယ္ေဆး မရွိေသာ္လည္း ေနအိမ္ႏွင့္ ပတ္ဝန္းက်င္တြင္ ျခင္ႏွင့္ ျခင္ေလာက္လန္း ႏွိမ္နင္းေရး လုပ္ငန္းမ်ားကုိ သင္ကုိယ္တုိင္ ပါဝင္ေဆာင္ရြက္ျခင္းျဖင့္ သင္ႏွင့္ သင့္မိသားစုတြင္ ဆင္တုပ္ေကြး ေရာဂါျဖစ္ပြားမႈကုိ ကာကြယ္ ႏုိင္ပါသည္။ ျခင္က်ားေပါက္ဖြားမႈ မရွိလွ်င္ ဆင္တုပ္ေကြး ေရာဂါသာမက ဇီကာေရာဂါႏွင့္ အႏၱရာယ္မ်ားေသာ ေသြးလြန္တုပ္ေကြး ေရာဂါမ်ားပါ မျဖစ္ပြားႏုိင္ပါ။

Credit – က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန (ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode

ဆင်တုပ်ကွေးနဲ့ ပတ်သက်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်လိုက်တဲ့ ဆောင်ရန်၊ရှောင်ရန် အချက်များ

ဆင်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး ခြင်ကျားအကိုက်ခံရရာမှ တဆင့် ကူးစက်သော ရောဂါတမျိုး ဖြစ်ပါသည်။ အာရှ၊ အာဖရိက၊ ဥရောပနှင့် အမေရိကတိုက်တို့ရှိ နိုင်ငံပေါင်း (၆၀) ကျော်တွေင် ဖြစ်ပွားပါသည်။ အာရှတိုက်၊ အာဖရိကတိုက်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဖြစ်ပွားမှု အများဆုံး ဖြစ်ပါသည်။ ခြင်ကျားပေါက်ဖွားမှု များပြားသော နေရာများတွင် ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားရန် အခွင့်အလမ်း ပိုမို များပြားပါသည်။

ဆင်တုပ်ကွေးရဲ့ ရောဂါလက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ မောပန်းအားနည်းခြင်း၊ အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အဆစ်အမြစ်များ ရောင်ရမ်းခြင်း၊ အဆစ်အမြစ်များ ကိုက်ခဲခြင်း တို့ ဖြစ်ပါတယ်။

ရောဂါပိုးသယ်ဆောင်သည့် ခြင်ကျား အကိုက်ခံရပြီး နောက် (၃) ရက်မှ (၇) ရက်အတွင်း ရောဂါလက္ခဏာများ စတင် ဖြစ်ပွားလေ့ ရှိပါသည်။ ဖြစ်တောင့်ဖြစ်ခဲအနေဖြင့် မျက်စိ၊ အာရုံကြော၊ နှလုံးတို့နှင့် ပတ်သက်သော ရောဂါ လက္ခဏာများလည်း ခံစားရတတ်ပါသည်။ ဆင်တုပ်ကွေးရောဂါ၏ လက္ခဏာများသည် အခြားခြင်ကျား အကိုက်ခံရရာမှ တဆင့် ကူးစက်သည့် ရောဂါများဖြစ်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ဇီကာ ရောဂါလက္ခဏာများနှင့် ဆင်တူပြီး မှားယွင်း နိုင်ပါသည်။

ရောဂါဖြစ်ပွားသူ အများစုတွင် ရောဂါပြင်းထန်လေ့ မရှိဘဲ ရက်သတ္တပတ် (၁) ပတ်ခန့်အတွင်း ရောဂါလက္ခဏာ အားလုံး သက်သာပျောက်ကင်းကြသော်လည်း အချို့တွင် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းကို လနှင့် ချီ၍ ခံစားရနိုင်ပါသည်။ အသက်အရွယ်ကြီးသူများ၊ သွေးတိုးရောဂါ၊ ဆီးချီုရောဂါနှင့် နှလုံးရောဂါ အစရှိသည့် နာတာရှည် ရောဂါ အခံရှိသူများတွင် ရောဂါ ပြင်းထန်နိုင်ပါသည်။

ဆင်တုပ်ကွေး ဖြစ်ပွားသည်ဟု သံသယရှိပါက ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင် စနစ်တကျ စမ်းသပ်စစ်ဆေး၍ ကုသမှု ခံယူပါ။ ဆင်တုပ်ကွေး ရောဂါလက္ခဏာများ သက်သာစေရန်အတွက်သာ ကုသမှု ပေးနိုင်ပြီး သီးသန့် ကုထုံး မရှိသေးပါ။ ဆင်တုပ်ကွေး ရောဂါလက္ခဏာများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားမှု များပြားလေ့ ရှိပြီး ရောဂါ ပြင်းထန်စွာ ခံစားရနိုင်သည့် သွေးလွန် တုပ်ကွေးရောဂါနှင့် ဆင်တူသဖြင့် ဂရုပြုရန် လိုအပ်ပါသည်။ ဆင်တုပ်ကွေး ရောဂါ ဖြစ်ပွားသူများ အနေဖြင့် အခြားသူများထံသို့ ကူးစက်ပြန့်ပွားခြင်း မရှိစေရန်အတွက် မိမိအား ခြင်ကိုက်ခံရမှုမှ ကာကွယ်ပါ။

ရောဂါအတွက် ကာကွယ်ဆေး မရှိသော်လည်း နေအိမ်နှင့် ပတ်ဝန်းကျင်တွင် ခြင်နှင့် ခြင်လောက်လန်း နှိမ်နင်းရေး လုပ်ငန်းများကို သင်ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် သင်နှင့် သင့်မိသားစုတွင် ဆင်တုပ်ကွေး ရောဂါဖြစ်ပွားမှုကို ကာကွယ် နိုင်ပါသည်။ ခြင်ကျားပေါက်ဖွားမှု မရှိလျှင် ဆင်တုပ်ကွေး ရောဂါသာမက ဇီကာရောဂါနှင့် အန္တရာယ်များသော သွေးလွန်တုပ်ကွေး ရောဂါများပါ မဖြစ်ပွားနိုင်ပါ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (လေးစားမှုဖြင့် ခရက်ဒစ်)

Flower
Loading...
Flower

Written by 

Leave a Reply

Your email address will not be published. Required fields are marked *