တောင်ပြုံးလမ်းမှာ တောင်းရမ်း အလှူခံနေတဲ့ ကိုရင်တုနဲ့ ဆရာလေးအတုများကို မေးလိုက်သောအခါ (ရုပ်သံ)
Zawgyi
သာမာန်လို နွမ်းပါးတဲ့အ၀တ်အစားတွေ ၀တ်ဆင်ကာတောင်းရမ်းစားသောက်တာတွေ၊ ကလေးငယ်လေးတွေကို ချီထားတာတောင်းရမ်းစားသောက်တာတွေလည်းရှိနေပေမယ့် ဒီအထဲမှာ ပြသနာတစ်ခုဖြစ်လာတာကတော့ ကိုရင်ဟန်ဆောင်ပြီး သင်္ကန်းတွေဝတ်ဆင်ကာတောင်းရမ်းစားသောက်နေတဲ့ ကိုရင်အတု(သို့မဟုတ်) ကလေးငယ်လေးတွေပဲဖြစ်ပါတယ်။
ဒီလိုမျိုး ကိုရင်အတုတွေများပြားနေတာဟာ ဗုဒ္ဓဘာသာရဲ့သာသနာတော်ကို ညိုးနွမ်းစေတဲ့အပြုအမူတစ်ခုပဲဖြစ်တယ်လို့ အခုဖော်ပြပေးမယ့် ကိုရင်အတုတွေနဲ့ တောင်းရမ်းစားသောက်သူတွေများပြားနေတဲ့ တောင်ပြုံးအပြန်လမ်းပေါ်က ပုံရိပ်တွေကို ရိုက်ကူးခဲ့တဲ့ ဗုဒ္ဓဂုဏ်ရည်ဆရာတော်ဘုရားမှ မှတ်ချက်ပေးခဲ့ပါတယ်။
Loading...
Unicode
မန္တလေးတိုင်း တောင်ပြုံးအပြန်လမ်းပေါ်မှာ တောင်ရမ်းစားသောက်သူတွေများပြားနေပါတယ်။ အထူးသဖြင့် ပွဲတော်အချိန် လူပေါင်းများစွာ တောင်ပြံုးကိုလာရောက်တဲ့အချိန်တွေမှာ တောင်ရမ်းစားသောက်သူတွေက ပိုမိုများပြားတတ်ပါတယ်။
သာမာန်လို နွမ်းပါးတဲ့အဝတ်အစားတွေ ၀တ်ဆင်ကာတောင်းရမ်းစားသောက်တာတွေ၊ ကလေးငယ်လေးတွေကို ချီထားတာတောင်းရမ်းစားသောက်တာတွေလည်းရှိနေပေမယ့် ဒီအထဲမှာ ပြသနာတစ်ခုုဖြစ်လာတာကတော့ ကိုရင်ဟန်ဆောင်ပြီး သင်္ကန်းတွေဝတ်ဆင်ကာတောင်းရမ်းစားသောက်နေတဲ့ ကိုရင်အတု(သို့မဟုတ်) ကလေးငယ်လေးတွေပဲဖြစ်ပါတယ်။
ဒီလိုမျိုး ကိုရင်အတုတွေများပြားနေတာဟာ ဗုဒ္ဓဘာသာရဲ့သာသနာတော်ကို ညိုးနွမ်းစေတဲ့အပြုအမူတစ်ခုပဲဖြစ်တယ်လို့ အခုဖော်ပြပေးမယ့် ကိုရင်အတုတွေနဲ့ တောင်းရမ်းစားသောက်သူတွေများပြားနေတဲ့ တောင်ပြံုးအပြန်လမ်းပေါ်က ပုံရိပ်တွေကို ရိုက်ကူးခဲ့တဲ့ ဗုဒ္ဓဂုဏ်ရည်ဆရာတော်ဘုရားမှ မှတ်ချက်ပေးခဲ့ပါတယ်။
ဒီလိုမျိုးပြသနာတွေကို သက်ဆိုင်ရာသံဃာ့နာယကအဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့တွေကဖြေရှင်းပေးသင့်တယ်လို့ ဗီဒီယိုကို တိုက်ရိုက်လွွှင့်စဉ်ကကြည့်ရှုခဲ့သူတစ်ယောက်က မှတ်ချက်ပေးခဲ့တဲ့အပြင် ဒီလိုလုပ်ရပ်ဟာ သာသနာကိုဗန်းပြပြီး လိမ်ညာတဲ့ လုပ်ရပ်တစ်ခုဖြစ်တာကြောင့် အဲ့ဒီကိုရင်လေးတွေဟာ ကိုရင်ပါရာဇိက ကျကာ နောင်အခါတွေမှာ ကိုရင်အဖြစ်သင်္ကန်းစည်းခွင့်ရတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဗီဒီယိုဖိုင်ကိုလည်း အလင်းမြေပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။
Credit – AlinnMyay(အလင်းမြေ)
Video Source – A Shin Aggha Dhamma
Flower
Loading...
Flower
Written by 
Leave a Reply
Your email address will not be published. Required fields are marked *