တရုတ်ပြည် ဘေကျင်းမြို့ရှိ ရထားဘူတာများတွင် မျက်နှာ scan ဖတ်သည့် လုံခြုံရေး နည်းပညာကို အသုံးပြု

  ဘေကျင်းမြို့တွင် လူအများသွားလာ ထူထပ်သောနေရာများရှိ ရထားဘူတာများ၌ လုံခြုံရေးစစ်ဆေးမှုများကို လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန် မျက်နှာပုံစံကို scan ဖတ်သည့် Facial Recognition နည်းပညာအခြေခံသည့် ပစ္စည်းများကို အသုံပြုသွားမည် ဖြစ်ကြောင်း ထုတ်ပြန်လာသည်။ လူအများအလုပ်သွားချိန်တွင် ရထားအသုံးပြုမှု အလွန်များပြားကာ လုံခြုံရေးစစ်ဆေးသည့် စနစ်များတွင် တန်းစီသူများ များလွန်းကာ ရထားဘူတာများတွင် လူပြည့်ကျပ်လွန်းခြင်း၊ လုံခြုံရေးစစ်ဆေးသည့် စနစ်များနှောက်နှေးခြင်းများ ဖြစ်ပေါ်စေသည်။ ထိုဖြစ်စဥ်ကြောင့် ရထားအသုံးပြုသူများ နှင့် ဝန်ထမ်းများအကြားတွင် ပရိပက္ခများ မကြာခဏ ဖြစ်ပွားနေရသည်။ ထို့ကြောင့် မြို့အတွင်းတွင် ကင်မရာများ Read more

မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူပိုကောင်းသလဲဆိုတာ တိတိကျကျတွက်ချက်ပေးလိုက်ပြီဖြစ်တဲ့ စူပါကွန်ပျူတာ

မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ (၂၁) ရာစုမှာ လင်းအားကောင်းစွာ အလင်းလက်ဆုံးထွန်းလင်းတောက်ပနေတဲ့ ဘောလုံးနတ်ဘုရား (၂) ဆူပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အလျှော့မပေးလိုတဲ့စိတ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ဘောလုံးလောကရဲ့အမြင့်မားဆုံးအောင်မြင်မှုတွေကို အချိုးကျခွဲဝေယူနိုင်ခဲ့ပါတယ်။ တစ်ယောက်ကို Ballon d’Or ဆု (၅) ကြိမ်စီရရှိထားတဲ့သူတို့နှစ်ယောက်ရဲ့ သွင်းဂိုးအရေအတွက်မှာလည်း သိပ်ကွာခြားတာမဟုတ်ပါဘူး။ ဒါကြောင့် မက်ဆီနဲ့ စီရော်နယ်ဒို ဘယ်သူပိုကောင်းသလဲဆိုတာ ဘောလုံးပရိသတ်တွေ၊ ဘောလုံးနဲ့ပတ်သက်သူတိုင်းအတွက် အခက်ခဲဆုံးပုစ္ဆာတစ်ပုဒ်လည်းဖြစ်ပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒို ဘယ်သူပိုကောင်းသလဲဆိုတာကို အခုအခါမှာတော့ စူပါကွန်ပျူတာကတွက်ချက်ပေးလိုက်ပြီဖြစ်ပါတယ်။ KU Leuven university က စူပါကွန်ပျူတာက Read more

နေ့စဉ်ဆေးခြောက်ရှုနေရုံနဲ့ အဲဒီဝန်ထမ်းကို တစ်နှစ်သိန်း(၅၀၀)အထိပေးမယ့် ကုမ္ပဏီ

ကုမ္ပဏီတစ်ခုကတော့ နေ့စဉ် ဆေးခြောက်ရှုနေရုံနဲ့ တစ်နှစ်ကို မြန်မာငွေ သိန်း(၅၀၀)ကျော် တန်ဖိုးရှိတဲ့ ဗြိတိန်ပေါင် (၂၈၀၀၀)အထိ ပေးသွားမယ်လို့ သိရပါတယ်။ အဆိုပါ ဗြိတိန်ပေါင်ဟာ လက်ရှိငွေပေါက်စျေးနဲ့ဆိုရင် (၅၄၆၉၂၉၆၄)ကျပ်နဲ့ ညီမျှပါတယ်။ ဒီအကြောင်းကို The Sun မှာ ဖော်ပြခဲ့တာပါ။ အဲဒီအလုပ်ကို ကမ်းလှမ်းခဲ့တဲ့ ကုမ္ပဏီဟာ ကုမ္ပဏီဆိုတာထက် ဝက်ဘ်ဆိုဒ်တစ်ခုက ကမ်းလှမ်းခဲ့တာပါ။ ဆေးခြောက်နဲ့ပတ်သက်တဲ့ Review တွေ ရေးသားဖြန့်ဝေဖို့ ရည်ရွယ်ပါတယ်။ အခုအချိန်ထိတော့ ဆေးခြောက်ကို စမ်းသပ်ရှူပေးမယ့်သူ မရသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဆေးခြောက်ရှူတတ်ရုံနဲ့တော့ အလုပ်ခန့်သွားမှာ Read more

အပျိုတွေကို ဈေးရောင်းသလိုရောင်းနေကြတဲ့ နေရာ…

ဈေးဗန်း မဟုတ်တဲ့ ဈေးတန်း (သို့မဟုတ်) အပျိုတွေကို ဈေးရောင်းသလိုရောင်းနေကြတဲ့ နေရာ. . .   ဓလေ့ထုံးစံ ရှေးရိုးအစဉ်အလာဆိုတာက နိုင်ငံတိုင်း လူမျိုးတိုင်းမှာ ရှိကြပါတယ်။ တချို့ဓလေ့ထုံးစံ ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေက သာမန်သာ ဖြစ်ပေမယ့် တချို့ ဓလေ့ထုံးစံ အစဉ်အလာတွေက သြချရလောက်အောင် ထူးဆန်းလွန်းလှပါတယ်။ ရှေးရိုးရာ ဓလေ့ထုံးစံအစဉ်အလာတွေထဲကမှ မယုံနိုင်ဖွယ်ရာ အံ့သြဖွယ်ရာ ထုံးတမ်းစဉ်လာတစ်ခုကို ပရိသတ်ကြီးအတွက် ဗဟုသုတအနေဖြင့် ဖေါ်ပြပေးလိုက်ပါတယ်နော်။   ဖေ့ဘုတ်စ်ပေါ်မှာ ဈေးဗန်းခင်းနေတဲ့ မိန်းကလေးတွေ အံ့သြတကြီး ဖြစ်ပြီး ​ဂေါ်မစွံfa Read more

အာ၇ှတိုက်မှာ အလှဆုံး ဆိုတဲ့ လီဆာLisa

၂၀၁၉ ခှနှစ်အတွက် အာရှတိုက်ရဲ့အလှဆုံးသော အမျိုးသမီးအဖြစ် အရွေးချယ်ခံလိုက်ရတဲ့ Lisa တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းအမျိုးသမီး idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Lisa ဟာဆိုရင် ဒီနှစ် ၂၀၁၉ ခုနှစ်အတွက် အာရှတိုက်ရဲ့ အလှဆုံးသော အမျိုးသမီးအဖြစ်နဲ့ တရားဝင်သတ်မှတ် အရွေးချယ်ခံလိုက်ရတယ်လို့ သိရပါတယ်။ ထိုသတ်မှတ်ချက်ဟာဆိုရင် နှစ်စဉ်ဆိုသလို စစ်တမ်းကောက်ယူမှုတွေကို ထုတ်ဖော်ကြေညာလေ့ရှိတဲ့ TC Candler Asia ကနေ ဒီနှစ်အတွက် ရွေးချယ်ထားတဲ့ စစ်တမ်းကောက်ယူမှုကနေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အချောဆုံးသော အမျိုးသမီး Idol Read more

ကမ္ဘာမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ပြီးရင် မြန်မာပြည်မှာပဲ မိသားစုနဲ့ ခြေချ နေထိုင်မှာပါလို့ ပြောလာတဲ့ အောင်လအန်ဆန်

ဟဲဗီး ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဘရန်ဒန်ဗီရာရဲ့ စိန်ခေါ်မှုကို ဂျပန်နိုင်ငံမှာ လက်ခံထိုးသတ် အနိုင်ပြီးတဲ့နောက် အောင်လအန်ဆန်ဟာ မိသားစုနဲ့ အတူ အနားယူနေခဲ့ပါတယ် လက်ရှိအချိန်မှာတော့ အောင်လအန်ဆန်ဟာ မြန်မာပြည်ကို ပြန်လည် ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ မြန်မာပြည်ကို ပြန်လာတဲ့ အောင်လအန်ဆန်ကို ပြိုင်ပွဲအကြောင်းတွေ အနာဂတ်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ဖိုင် ပရိသတ်ကြားမှာ ကြည့်ရှုမှုများနေတာတွေ့ရပါတယ် ဗရန်ဒီရာ နဲ့ ထိုးသတ်အပြီး အောင်လအန်ဆန်လည်း လက်မှာ ဒဏ်ရာရရှိခဲ့ပါတယ် အဲဒီ ဒဏ်ရာဟာ အရိုးလွဲသွားတာဖြစ်ပြီး ပင်အပ် ၂ ချောင်းထည့်ထားရတယ်လို့ အောင်လအန်ဆန်က Read more

ဘဏ်ပေါင်း ၂၁၇ က ဒေါ်လာ သန်း ၄၀၀ ကျော် ခိုးယူပြီးဒုက္ခသည်တွေအတွက် တစ်ပြား တစ်ချပ်မှ မကျန်အောင် လှူဒါန်းခဲ့တဲ့ ခေတ်သစ် ရော်ဘင်ဟုဒ်

အင်တာနက်ပေါ်မှာ အမြဲပျံ့နှံ့လေ့ရှိနေတဲ့ “ဟမ်ဇား၏ ကမ္ဘာ ကို ပြောခဲ့သောစကား” ဆိုတဲ့ ပိုစ့်ကို ဖတ်ဖူးမှာပါ။ အဲဒီပိုစ့်မှာ ဘဏ်တွေဆီက ဒေါ်လာ သန်း ၄၀၀ ကျော်ကို ဟက်ပြီး ဒုက္ခသည်တွေကို လှူဒါန်းခဲ့တယ် ဆိုတဲ့ဟက်ကာ ဟမ်ဇားဟာ သူ့ကိုသေဒါဏ်မပေးမီမှာ ” ကျနော် ဒီပြစ်မှုအတွက် ဝန်ချတောင်းပန်ဖို့ မရှိပါဘူ ပြီးတော့ ကမ္ဘာကြီးအတွက် သတင်းစကားတစ်ခု ပါးလိုက်ချင်ပါတယ် တဲ့ ” ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို ဖန်တီးတည်ဆောက်ဖို့ အသုံးမချခဲ့ဘူးဆိုရင် ငွေကြေးနဲ့ ရာထူးအာဏာဆိုတာ အလကားပါ ဘာမှမဟုတ်ပါဘူး Read more

နာမည်ကြီးတရုတ်မင်းသား Timmy Xu နဲ့ ရိုက်ကူးရေးအတူတူ လုပ်နေပြီဖြစ်တဲ့ ဝတ်မှုံရွှေရည်

မင်းသမီးချောလေး ဝတ်မှုံရွှေရည်က မြန်မာနိုင်ငံရဲ့ နာမည်ကျော် ထိပ်တန်းမင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အကယ်ဒမီဆုကြီးနှစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားပြီး ကိုရီးယား၊ စင်္ကာပူစတဲ့ နိုင်ငံကြီးတွေမှလည်း ရုပ်ရှင်ထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က ပြည်တွင်းမှာသာမကပဲ ပြည်ပနိုင်ငံမှ အနုပညာရှင်တွေနဲ့လည်း အနုပညာလုပ်ငန်းတွေ အတူတူ တွဲဖက်လုပ်ကိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ဝတ်မှုံရွှေရည်က နာမည်ကြီး တရုတ်မင်းသားဖြစ်တဲ့ Timmy Xu နဲ့ POSH Magazine – Myanmar ရဲ့ LIFESTYLE & TRAVEL Issue Read more

လက်ထပ်ပွဲကို လျို့ဝှက်စွာကျင်းပခဲ့ကြတဲ့ ကမ္ဘာကျော်တွေ

တစ်သက်မှတစ်ခါလက်ထပ်ရတာဆိုပြီး လက်ထပ်ပွဲကိုခမ်းနားကြီးကျယ်စွာကျင်းပချင်တဲ့ သူတွေလည်းရှိသလိုအချို့သူတွေကတော့ လူရှုပ်တာလည်းမကြိုက် ဗာဟီရကိစ္စတွေများမြောင်တာလည်းမနှစ်သက်ပဲလူနည်းနည်းလေးနဲ့ အေးအေးချမ်းချမ်းလေး တိတ်တဆိတ်လက်ထပ်ပွဲကျင်းပရတာကြိုက်တဲ့သူတွေလည်းရှိပါတယ်။ ဒီတစ်ခါမှာတော့ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် လက်ထပ်ပွဲကို တိတ်တိတ်လေးကျင်းပခဲ့ကြတဲ့ ကမ္ဘာကျော်တွေကို ဖော်ပြပေးလိုက်ပါတယ်။ Brad Pitt နဲ့ Angelina Jolie Brad Pitt နဲ့ Angelina Jolie ဟာ ကိုးနှစ်လောက်ချစ်သူတွေဖြစ်ပြီးတဲ့နောက်မှာ 2014 August မှာ လက်ထပ်ပွဲကိုတိတ်တဆိတ်ကျင်းပခဲ့ကြပြီး ရင်းနှီးတဲ့လူအနည်းငယ်နဲ့ မိသားစုတွေနဲ့သာကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ Brad Pitt နဲ့ Jolie ဟာ သူတို့ရဲ့မင်္ဂလာပွဲအပြီးမှာ ကလေးတွေနဲ့အတူတူ မင်္ဂလာဓာတ်ပုံလည်းရိုက်ခဲ့ပြီး အဲဒီဓာတ်ပုံတွေပျံ့နှံ့လာခဲ့တာကြောင့်သာ Read more

ချစ်ရတဲ့မြန်မာပရိသတ်တွေကို နောက်ဆုံးပေါ် iPh 11 မဲဖောက်ပေးမယ့် Sinon Loresca

လူမှုကွန်ယက်စာမျက်နှာမှာ နာမည်ကြီးတဲ့ ဖိလစ်ပိုင်မော်ဒ။် Sinon Loresca ဟာ ကြံခိုင်သန်စွမ်းပြီး ယောကျာ်းဆန်တဲ့ ကြွက်သားအထစ်ထစ်နဲ့ ခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားသူ တစ်ဦးပါ။ ယောကျာ်းဆန်တဲ့ ရုပ်ရည်နဲ့ ခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားပေမယ့်လည်း ဒေါက်ဖိနပ်ကြီးတွေစီးပြီး Catwalk လျှောက်တဲ့နေရာမှာတော့ အမျိုးသမီးတွေတောင် လိုက်လို့ မမှီနိုင်အောင် ညင်သာကြွရွလွန်းလို့ ပရိသတ်တွေကို စွဲဆောင်နိုင်သူ တစ်ဦး ဖြစ်ပါတယ်။ Sinon Loresca က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်ရာမှ မြန်မာပြည်ကြီးနဲ့ မြန်မာလူမျိုးတွေကို သံယောဇဉ် ရှိသွားတာကြောင့် အခုနောက်ပိုင်းမှာ မြန်မာပြည်မှာပဲ အနေများပါတယ်။ Read more